NLD လွှတ်တော်အမတ်

February 27, 2021

NLD လွှတ်​တော်အမတ် ​ဒေါ်ဝင်းမြမြနှင့် တိုင်းအလုပ်အမှု​ဆောင် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ဝင်ရောက်အရွေးခံပြီး အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒေါ်ဝင်းမြမြကို ​ဖေ​ဖော်ဝါရီ ၂၇ ရက်​နေ့  မနက်ပိုင်းမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မန္တ​လေးမြို့၊ ၆၂ လမ်း​ပေါ်က ပါတီရုံး​ရှေ့မှာ​ ထိုင်​နေစဥ် မနက် ၁၀ နာရီ​ကျော်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်​တွေ လာ​ရောက်ပြီး ဒေါ်ဝင်းမြမြနဲ့အတူ တိုင်းအလုပ်အမှု​ဆောင် ဦး​အေးသိန်းကိုပါ  အမည်နဲ့တကွ လာ​ရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ထိန်ထိန်လင်း

2 years Ago
Up