NLD ရုံး

October 31, 2021

မော်လမြိုင်မြို့နယ် NLD ရုံး ဗုံးခွဲ ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်ရုံး အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းက ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

NLD ပါတီမြို့နယ်ရုံးကို အမည်မသိ လူတစ်စုက ဗုံးလာရောက် ပစ်သွင်းခဲ့ပြီး ပေါက်ကွဲမှု  ဖြစ်ပေါ်ခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် ပါတီရုံးမျက်နှာစာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဗီနိုင်း ပျက်စီးခဲ့ပြီး၊ အနီးနား ရပ်ထားတဲ့ ကား ၂ စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ NLD ပါတီနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မော်လမြိုင်မြို့နယ် NLD ပါတီ မြို့နယ်ရုံးဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပြီး NLD ပါတီရုံး ဗုံးပေါက်ကွဲမှုဟာ ပျူစောထီးအဖွဲ့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က NLD ပါတီ မြို့နယ်ရုံး ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

4 weeks Ago

August 26, 2021

ဝက်လက်မြို့နယ် NLD ရုံးကို စစ်အုပ်စုကဝင်ရောက်ဖျက်ဆီးပြီး အလံကို အိမ်သာထဲ ထိုးစိုက်သွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ အမှတ် ၁ ရပ်ကွက်ဖွင့်လှစ်ထားတဲ့  မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို  ဩဂုတ်လ ၂၅ ရက် ည ၈ နာရီလောက်က အရပ်ဝတ်လက်နက်ကိုင် ၁၀ ယောက်လောက်က လာရောက်ဖျက်ဆီးသွားခဲ့တယ်လို့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

“အိမ်စီးကား လိုက်ထရက်တစ်စီးနဲ့ အရပ်ဝတ်လက်နက်ကိုင်တွေလာပြီး ည ၈ နာရီ လောက်မှာ ဖျက်ဆီးသွားကြတာ။ ဆိုင်းဘုတ်တွေ အလံတွေ အကုန်ရိုက်လှဲသွားတယ်။ ရုံးခန်းထဲ က ပစ္စည်းတွေကိုလဲ မွှေနှောက်ပြီးရှာသွားကြသေးတယ်။ ဘာတွေယူသွားကြတယ်ဆိုတာတော့ မသိရဘူး။ အလံအချို့ကိုလည်း အိမ်သာထဲ ထိုးထည့်ထားခဲ့ကြတယ်”လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ပုလဲမြို့နဲ့ ဝက်လက်မြို့က မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းတွေ ဖျက်ဆီးခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကျေးရွာတစ်ရွာမှာ အန်အယ်လ်ဒီရုံးကို အကြမ်းဖက်စ်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

3 months Ago
More News
Up