NLD ပါတီ

November 25, 2021

ရေးမြို့နယ်က NLD ပါတီကိုယ်စားလှယ်လောင်း၏ အစ်ကိုဖြစ်သူနှင့်ဇနီး ဖမ်းဆီးခံရ

မွန်ပြည်နယ်  ရေးမြို့နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာနေ NLD ပါတီကိုယ်စားလှယ်လောင်းရဲ့ အစ်ကို ကိုလှားနဲ့ ဇနီးဖြစ်သူတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီခေါ်ဆောင်သွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်နိုင်ရဲ့ အစ်ကိုနဲ့ ဇနီးဖြစ်သူတို့ကို နိုဝင်ဘာ ၂၄ ရက်နေ့ ည ၁၂ နာရီ ဝန်းကျင်လောက် လာဖမ်းသွားတာလို့  NLD ပါတီ တာဝန်ရှိသူတဦးက  အတည်ပြုပြောပါတယ်။

ရေးမြို့နယ်၊ ကမော့ကနင်ကျေးရွာနေ အန်အယ်လ်ဒီပါတီဝင် ဦးသက်နိုင်ရဲ့ နေအိမ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ဒီမနက် ၆ နာရီအချိန်လောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေခဲ့ပြီး လူမတွေ့တဲ့အတွက် ပစ္စည်းတွေ ခိုးယူသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း ရေးမြို့နယ်ရှိ   အန်အယ်လ်ဒီ အမတ်ဟောင်း ဦးမျိုးဝင်းကို စစ်တပ်က လာဖမ်းရာမှာ မတွေ့တဲ့အတွက် ဦးမျိုးဝင်းရဲ့ ဇနီးနဲ့ သမီးတို့အပြင် အသက် ၉၀ ကျော် မိခင်ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးသွားပါတယ်။

ရေးမြို့နယ်မှာ NLD ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီထောက်ခံသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မကြာခဏ ၀င်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်နေသလို မြို့နယ် NLD ရုံးလည်း မိုင်းခွဲဖျက်ဆီးခံထားရပါတယ်။

2 months Ago

September 28, 2021

ကံမမြို့နယ် ကျောက်စောင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးက စပါးရိတ်သိမ်းခွင့် ပိတ်ပင်

မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကျောက်စောင်းကျေးရွာက NLD ပါတီ ထောက်ခံ ဝန်းရံသူတွေကို ကောက်လျင်စပါး ရိတ်သိမ်းခွင့် ပိတ်ပင်ထားတာကြောင့် တောင်သူတွေ အခက်ခဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်စောင်းကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မျိုးက ကောက်လျင်စပါး ပေါ်ချိန်မှာ NLD ပါတီထောက်ခံဝန်းရံသူတွေရဲ့ ကောက်လျင်စပါး မှန်သမျှ တစ်ယောက်မှ ရိတ်သိမ်းခွင့်မပေးဘူးဆိုပြီး အမိန့်ထုတ်ထားတာကြောင့် တောင်သူတွေ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံရွာသားတစ်ယောက်က DVB ကိုပြောပါတယ်။

ဒါ့အပြင် စိုက်ပျိုးစရိတ် ချေးငွေတွေကိုလည်း စက်တင်ဘာ ၂၈ ရက်နေ့နောက်ဆုံးထား ပြီးတော့ ပေးဆပ်ဖို့ အတင်းအဓမ္မတောင်းခံနေပြီး ပြန်မဆပ်နိုင်ပါက လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ တွေကို သိမ်းယူမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက ဒီနေ့အချိန်ထိ ကျောက်စောင်းကျေးရွာမှာ တပ်စွဲထားပြီး NLD ပါတီထောက်ခံဝန်းရံတဲ့ သူ ၁၅ ယောက် လောက်ကို ဖမ်းဆီးရိုက်နှက်နှိပ်စက်နေတာကြောင့် ပါတီဝန်းရံတဲ့သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

4 months Ago
More News
Up