NLD ထောက်ခံသူ လင်မယား

September 10, 2021

လောင်းလုံးမြို့နယ်တွင် NLD ထောက်ခံသူ လင်မယား ၂ ဦး ပစ်ခတ်ခံရ၊ ၁ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာအုပ်စု ဝဗျောကျေးရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ မနက် ၁၁ နာရီကျော်ကျော်လောက်က လင်မယားနှစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေက နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

အပစ်ခံရသူလင်မယားနှစ်ယောက်မှာ အမျိုးသားဖြစ်သူ  ဦးသက်မိုးက‌တော့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်တဲ့ ဒေါ်မိုးကတော့ လက်မောင်းထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပ0ါတယ်။

အပစ်ခံရတဲ့ လင်မယားနှစ်ယောက်ဟာ NLD ထောက်ခံအားပေးသူတွေဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာလည်း ပါဝင်ဆောင်ရွက်နေသူတွေဖြစ်တယ်လို့ဆိုပါတယ်။

2 years Ago
Up