NDP Kachin

November 9, 2020

ချီဖွေမြို့တွင် ဒီမိုကရေစီပါတီသစ်(ကချင်) ကိုယ်စားလှယ်လောင်း ၂ ဦးအနိုင်ရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့မှာ ဒီမိုကရေစီပါတီသစ်(ကချင်) NDP Kachin က လွှတ်တော်နေရာ ၂ နေရာ အနိုင်ရတယ်လို့  ပါတီကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။ ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ  ပြည်နယ်ကိုယ်စားလှယ်လောင်း ဦးဇခုန်ယိန်းဆောင်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်  ၉ ဖြစ်တဲ့ ချီဖွေမြို့နယ်၊ နဲ့ အင်ဂျန်းယန်မြို့နယ်တို့မှာ ဦး‌ခေါတိန့်က အနိုင်ရရှိတာပါ။ ဒီမိုကရေစီပါတီသစ်(ကချင်)ဟာ  ကချင်အထူးဒေသ ၁ ဖြစ်တဲ့ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နဲ့ ဆော့လော်မြို့နယ်တို့မှာ ကိုယ်စား‌လှယ်လောင်း စုစုပေါင်း ၈ ယောက်၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကိုယ်စားလှယ်လောင်းနှစ်ယောက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မြေပြင်အခြေအနေအရ နိုင်တာဖြစ်ပြီးတော့ ဒီနေ့ည ၈ နာရီခွဲအထိ မဲအရေအတွက် အကြိတ်အနယ် ရှိနေတယ်လို့ ချီဖွေမြို့နယ် အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် တစ်ဦးကပြောပါတယ်။ ချီဖွေမြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၁၁,၀၀၀ ကျော်ရှိကာ မဲရုံ ၅၇ ရုံမှာ ပါတီစုစုပေါင်း ၇ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သတင်း- ဇုန်းကျန်း CJ
2 years Ago
Up