NCA

A d v e r t i s e m e n t With Us

December 3, 2020

ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာမှန်ဖြင့်လုပ်ဆောင်ရန်  မွန်ပြည်သစ်ပါတီတိုက်တွန်း 

ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆွေးနွေးပြီးတော့ တကယ့်ကိုစိတ်ရင်းစေတနာမှန်နဲ့ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နဲ့ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ် လက်ရှိအစိုးရလက်ထက် နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ရလဒ်က ထူးထူးခြားခြားမရှိသေးပေမယ့် စေတနာမှန်နဲ့ ရိုးသားမှုပေါင်းစပ်သွားမယ်ဆိုပါက အကောင်းဆုံးနည်းလမ်းတစ်ခုရလာမှာ ဖြစ်တယ်လို့လည်းပြောပါတယ် ။ အန်အယ်လ်ဒီ အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (MNSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေက ရှေ့ဆက်ညှိနှိုင်းဆွေးနွေးစရာတွေ များစွာကျန်ရှိ နေပါတယ်။ နောက်ဆုံးရလဒ်တွေအရ ဖက်ဒရယ်တည်ဆောက်ဖို့ လမ်းညွှန်အခြေခံမူ ၅ ရပ်ရလာပြီး ၂၀၂၀ အလွန်အကောင်အထည်ဖော်ဖို့အတွက် ဇယား(၁)ရလာကြောင်း မူဘောင်အနေနဲ့ သဘောတူညီချက် ၁၂ ချက်ရလာပြီး အချင်းချင်း နားလည်မှုရယူကာ တဆင့်ပြီးတဆင့်သွားမှာဖြစ်တယ်လို့ နိုင်အောင်မငေးက ဒီဗွီဘီကို ပြောပါတယ်။ “တပ်မတော်ကလည်း ကျနော်ထင်တယ် ဒီအတွေ့အကြုံတွေနဲ့ ရင့်ကျက်မှုရှိလာပြီ ဆိုတော့ တဖြည်းဖြည်းဖြစ်လာမယ်၊ တကယ့်စေတနာမှန်နဲ့ ရိုးသားမှုနဲ့ ကျနော်တို့နိုင်ငံကို ပေါင်းစပ် သွားမယ်ဆိုရင် ဒါကအကောင်းဆုံးနည်းလမ်းတစ်ခုပေါ့။ နိုင်ငံတကာအခြေအနေနဲ့ ကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျနေတယ်။ ဒါကို ကျနော်တို့အနေနဲ့ သင်ခန်းယူပြီး ကိုယ့်အချင်းချင်းညီညွတ်ဖို့၊ တစ်ဆို့နေတဲ့အခြေအနေကိုကျော်ဖြတ်ဖို့အတွက် အပေးအယူ လုပ်ပြီးတော့ အပြန်အလှန်ဆွေးနွေးပြီးတော့ တကယ့်ကိုစိတ်ရင်းစေတနာမှန်နဲ့လုပ်ဆောင်ဖို့ အရေးကြီးတယ် '' လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့အစိုးရနှစ်ဆက်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ အစိုးရအကြား    အန်စီအေလက်မှတ်ထိုးထားပြီး ကျန်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးနိုင်ရေးလည်း  တွေ့ဆုံညှိနှိုင်းဆွေးနွေးဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ စကားဝိုင်းဆွေးနွေးပွဲတွေကထွက်ပေါ်လာတဲ့ရလဒ်တွေက ကောင်းပေမယ့် အသီးအပွင့်ကို ပြည်သူတွေက မခံစားရသေးကြောင်း တိုင်းရင်းသားတွေနဲ့ လူနည်းစုတွေအပေါ် ထူးခြားမှု တစုံတရာလုပ်ပေးနိုင်မယ်ဆိုပါက လာမယ့်အစိုးရအနေနဲ့ ထောက်ခံမှုပိုမိုရရှိလာမှာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့အခွင့်အရေးနဲ့အာဏာကို ကောင်းစွာအသုံးချတတ်ဖို့လိုကြောင်း နိုင်အောင်မငေးက ပြောပါတယ်။ သတင်း/ဓာတ်ပုံ - ဝင်းနိုင်သက်
3 months Ago

November 12, 2020

ရွေးကောက်ပွဲအောင်မြင်ရေး ပူးပေါင်းပါဝင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုအဖွဲ့များကို NRPC ကျေးဇူးတင်

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ဖြစ်ပြီး အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကျေးဇူးတင်တဲ့အကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)က ကြေညာပါတယ်။  နိုဝင်ဘာလ ၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်စွာကျင်းပခဲ့ရာမှာ တိုင်းရင်းသားပြည်သူတွေ ဘေးကင်းလုံခြုံအေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း  အပြုသဘော ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေမရှိလို့ ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ နယ်မြေဒေသရှိ ပြည်သူတွေ အားလုံးအတွက်လည်း အထူးပင်စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒီနယ်မြေဒေသတွေမှာ တည်ငြိမ်အေးချမ်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပ နိုင်တဲ့ အခြေအနေရောက်ရှိအောင် သက်ဆိုင်တဲ့ လူဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံး  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့လည်း အထူးမေတ္တာရပ်ခံထားပါတယ်။ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NCA လက်မှတ်ရေးထိုးဖို့ ဆွေးနွေးညှိနှိုင်းဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ နိုဝင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
4 months Ago
More News
Up