NBA

May 25, 2020

NBA ဘတ်စကက်ဘော လိဂ်ပွဲစဉ်များ ပြန်စရန် ဆွေးနွေး

NBA ဘတ်စက်ဘောလိဂ်ပွဲစဉ်တွေကို ပြန်လည်စတင်နိုင်ဖို့ ဆွေးနွေးနေတယ်လို့ လိဂ်ပြိုင်ပွဲ တာဝန်ရှိသူတွေဘက်က အတည်ပြုလိုက်ပါတယ်။   NBA ဘတ်စကက်ဘောလိဂ်ပြိုင်ပွဲကို ဇူလိုင်လ နောက်ဆုံးအပတ်မှာ ပြန်လည်စတင်ဖို့   Walt Disney Company နဲ့ ဆွေးနွေးနေတာပါ။ ပြန်လည်စတင်မယ့် အစီအစဉ်အရ ဟိုတယ်တွေနဲ့ ဘတ်စကက်ဘော ကွင်းသုံးကွင်းရှိတဲ့ ESPN Wide Wold of Sports Complex မှာပဲ ပွဲစဉ်အားလုံးကို ကျင်းပနိုင်ဖို့ ပြင်ဆင်နေတာပါ။  လိဂ်အဖွဲ့ချုပ်ရဲ့ ပထမဦးစားပေး အစီအစဉ်ကတော့ ကျန်းမားရေ နဲ့ လုံခြုံစိတ်ချရဖို့ဖြစ်ပြီး ပြည်သူ့ကျန်းမားရေး ကျွမ်းကျင်သူတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့  NBA ပြောခွင့်ရပုဂ္ဂိုလ် မိုက်ဘက်စ်ကပြောပါတယ်။  အသင်း ၃၀ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ NBA ပြိုင်ပွဲပြီးဆုံးဖို့ ၅ ပတ် ကျန်ရှိနေသေးတာပါ။ အသင်းစုစုပေါင်း ၁၅ သင်းလောက်ကတော့  စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လေ့ကျင့်နေပြီဖြစ်ပါတယ်။ 
11 months Ago
Up