Nature

A d v e r t i s e m e n t With Us

April 12, 2020

တရုတ် ဝူဟန်ဗိုင်းရပ်စ်ဟု ခေါ်ခဲ့သည့် ဆေးသိပ္ပံပညာဂျာနယ် လူသိရှင်ကြား တောင်းပန် 

ကမ္ဘာ့ထိပ်တန်းဆေးသိပ္ပံပညာဂျာနယ်တခုဖြစ်တဲ့ Nature ဂျာနယ်ဟာ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို  တွဲဖက်ဖော်ပြခဲ့မှုအပေါ် လူမှုမီဒီယာတွေကနေ တောင်းပန်ခဲ့တယ်လို့ ရိုက်တာသတင်းက ဧပြီ ၁၂ ရက်မှာ ဖော်ပြပါတယ် ။  ဂျာနယ်က ကိုရိုနာဗိုင်းရပ်စ်ကို တရုတ်ဗိုင်းရပ်စ်လို့ ခေါ်ခဲ့တာကို တောင်းပန်ခဲ့ပြီး တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်မီဒီယာတွေဖြစ်တဲ့ WeChat နဲ့ Weibo တို့မှာလည်း  တောင်းပန်စာကို တရုတ်ဘာသာနဲ့ ပြန်ဖော်ပြခဲ့ပါတယ်။  ဂျာနယ်က ကိုရိုနာဗိုင်းရပ်စ်နဲ့ တရုတ်ပြည် ဝူဟန်မြို့တို့ကို တွဲဖက်ဖော်ပြခဲ့တာဟာ အမှား ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ဒီရောဂါကို အမည်ပေးရာမှာ ၎င်းတို့ဂျာနယ်အပါအဝင် မှားယွင်းဖော်ပြခဲ့တဲ့ အဖွဲ့အစည်းတွေကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့ဖူးတယ်လို့ ဖော်ပြထားပါတယ်။  ဒါ့အပြင် ဂျာနယ်ရဲ့ တွစ်တာစာမျက်နှာမှာလည်း သီးခြားနေရာ တခုနဲ့ တွဲစပ်ပြီး ဗိုင်းရပ်စ်ကို ဖော်ပြတာဟာ တာဝန်မဲ့ရာရောက်တယ်၊ ရပ်တန့်ဖို့လိုတယ်လို့လည်း ဆိုခဲ့ပါတယ်။  တခြားနာမည်ကြီး ဆေးသုတေသန ဂျာနယ်တစောင်ဖြစ်တဲ့ လန့်ဆက် The Lancet  ကတော့ ဖေဖော်ဝါရီလကတည်းက ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ဥပဒေသုတေသီ ၁၆ ဦးရဲ့ စာတမ်း တွေကို ပုံနှိပ်ဖော်ပြခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို နိုင်ငံတွေအားလုံး ပူးပေါင်း ဆောင်ရွက်သင့်တယ်၊ အပြစ်တင်ပြောဆိုမှုတွေ ရပ်သင့်တယ်လို့လည်း ဖော်ပြခဲ့ကြောင်း ရိုက်တာသတင်းက ရေးသားထားပါတယ် ။
11 months Ago
Up