NASA

February 28, 2018

NASA တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အာကာသယာဉ်မှူး ၃ ဦး ကမ္ဘာမြေ ပြန်ရောက်

နိုင်ငံတကာ အာကာသစခန်း (NASA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာကာသယာဉ်မှူး သုံးဦးဟာ တာဝန်ပြီးဆုံးခဲ့ပြီဖြစ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကမ္ဘာမြေပေါ် ပြန်ရောက်လာပါပြီ။ NASA က မက်ခ်ဗင်ဟေး၊ ဂျိုးအက်ကဘာနဲ့ ရုရှားအာကာသ အော်ပရေးရှင်း ရော့စ်ကော့စ်မို့ရဲ့ အကြီးအကဲ အလက်ဇန္ဒား မစ်ဆာကင်တို့ သုံးဦးဟာ နိုင်ငံတကာ အာကာသစခန်းက လုပ်ငန်းတွေ ပြီးဆုံးခဲ့ပြီဖြစ်လို့ ကာဇက်စတန်နိုင်ငံအလယ်ပိုင်း ယက်ဇ်ကာစ်ဂံမြို့ နှင်းပြင်ထဲကို ဆင်းသက်ခဲ့ပါတယ်။ နိုင်ငံတကာ အာကာသစခန်းက မထွက်ခင် မစ်ဆာကင်ဟာ ရော့စ်ကော်စ်မို့က အန်တွန် ရှကာပေရော့ကို တာဝန်လွှဲပြောင်းခဲ့တာပါ။ အာကာသစခန်းမှာ ၁၆၈ ရက်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဖွဲ့ဝင်သုံးယောက်ကို  ရှကာပေရော့က ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ အာကာသယာဉ်မှူးသုံးဦး ကမ္ဘာမြေကို ပြန်လည်ဆင်းသက်ပြီးနောက်မှာ ရှကာပေရော့နဲ့ ဂျပန်အာကာသယာဉ်မှူး နိုရိရှိငဲ့ ခနိုင်းတို့ နှစ်ဦးဟာ နောက်ထပ် အာကာသယာဉ်မှူး သုံးဦး မတ်လ ၂၃ ရက်နေ့မှာ ရောက်လာတဲ့အထိ အာကာသစခန်းမှာ တာဝန်ထမ်းဆောင်သွားကြမှာ ဖြစ်ပါတယ်။
4 years Ago
Up