Mytel ရုံးစောင့်

September 23, 2021

မုံရွာ Mytel ရုံးစောင့် ရဲတပ်သား ပစ်သတ်ခံရ

မုံရွာမြို့၊ မြဝတီရပ်ကွက်၊ ကျောက္ကာလမ်းမှာရှိတဲ့ စစ်တပ်ပိုင်  Mytel ရုံးရှေ့မှာ အစောင့်ကျနေတဲ့ ရဲတပ်သားတစ်ဦးကို စက်တင်ဘာ ၂၃ ရက် ဒီညနေ ၄ နာရီဝန်းကျင်က ပစ်သတ်ခဲ့ပြီး အဆိုပါရဲတပ်သားကိုင်ဆောင်တဲ့  သေနတ်တစ်လက်ကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ သံမဏိနှင့်အဖွဲ့သားများ (MPDF) အဖွဲ့ထံက သိရပါတယ်။

ဒေသခံတဦးက ''အပစ်ခံရတဲ့ရဲသားကတော့ အဲ့နေရာမှာပဲဆုံးသွားတယ်။ အခုတော့ စစ်ကားတွေနဲ့ စစ်သားတွေခြေရှုပ်နေတာပေါ့။ ရပ်ကွက်ရုံးရှေ့မှာတော့ စစ်ကားတွေနဲ့စစ်သားတွေအများကြီးပဲ''လို့ ပြောပါတယ်။

မုံရွာမြို့က Mytel ရုံးတည်ရှိတဲ့နေရာဟာ မြဝတီရဲစခန်း အနီးမှာဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်ကလည်း အဆိုပါ MyTel ရုံး ဗုံးပစ်ခံရလို့ ရုံးရှေ့ဘက်ခြမ်းပျက်စီးသွားပါတယ်။

ရဲတပ်သား ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ မုံရွာမြို့၊ မြဝတီရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဖုန်းလက်ခံပြောဆိုခြင်းမရှိပါဘူး။

4 weeks Ago
Up