MyTel ရုံး

September 15, 2021

မုံရွာမြို့ MyTel ရုံး၌ ဗုံးပေါက်ကွဲ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကျောက္ကာလမ်းပေါ်ရှိ စစ်တပ်ပိုင် MyTel ရုံးမှာ စက်တင်ဘာ ၁၅ ရက် မနက် ၈ နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ MyTel ရုံး ဗုံးပေါက်တာဟာ MPDF ကိုယ်စားပြုသံမဏိအဖွဲ့ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦ အနည်းငယ် ထိခိုက်ကာ လူအထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးနေတတယ်လို့ သိရပါတယ်။

1 month Ago
Up