Mytelတာဝါတိုင်

September 24, 2021

ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအနီးက Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာအနီးက Mytel တာဝါတိုင် စက်တင်ဘာ ၂၃ ရက်နေ့ညက မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ Mytel တာဝါတိုင်ကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က (YSO-PDF) က ဖောက်ခွဲဖျက်ဆီးလိုက်တာလို့ ဆိုပါတယ်။

YSO-PDF ရဲ့ တာဝန်ရှိသူတဦးက “ည ၁၀ နာရီလောက်က ဖောက်ခွဲဖျက်ဆီးပစ်လိုက်တာပါ။ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ထပ်ပြီးတော့လည်း ဖျက်ဆီးသွားမယ်” လို့ ပြောပါတယ်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က (YSO-PDF) က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်ထားတဲ့ Mytel တာဝါတိုင် ၁၈ တိုင်နီးပါး ဖျက်ဆီးနိုင်ခဲ့ပြီလို့ သိရပါတယ်။

2 years Ago

September 20, 2021

ကျိုက်လတ်မြို့တွင် Mytel တာဝါတိုင် မီးရှို့ခံရပြီးနောက် စစ်တပ်က ကင်းစောင့်နေ

ဧရာဝတီတိုင်း၊ ကျိုတ်လတ်မြို့နယ်၊ စစ်ကုန်းကျေးရွာအနီးရှိ အာဏာသိမ်း စစ်တပ်ပိုင် Mytel တာဝါတိုင်ကို FTR (FreeTiger Ranger) ကျိုက်လတ်မြို့နယ်အဖွဲ့ခွဲက စက်တင်ဘာ ၁၈ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ တာဝါတိုင်ကို လာရောက်ကင်းစောင့်နေတယ်လို့ သိရပါတယ်။

တာဝါတိုင်မီးရှို့ခံရပြီးနောက်ပိုင်း စက်တင်ဘာ ၁၉ ရက်နေ့မှာ စစ်တပ်နဲ့ရဲအင်အား ၃ဝ လောက် စစ်ကုန်းကျေးရွာကို ရောက်ရှိလာပြီး ယာယီတပ်စွဲ ကင်းစောင့်နေကာ ဒေသခံအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ကောင်စီတပ်နဲ့ရဲတွေ အင်အား ၃ဝ လောက် ရောက်လာပြီး အမျိုးသား ၆ ဦးကို ဖမ်းသွားတယ်။ အဖမ်းခံရသူတွေကို ကျိုက်လတ်မြို့ပေါ်စခန်းကို ခေါ်သွားတယ်၊ ပြီးတော့ ရွာမှာ တပ်စွဲပြီးကင်းစောင့်နေတာ” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကုန်းရွာအနီးမှာရှိတဲ့ Mytel တာဝါတိုင်ဟာ ကျိုက်လတ်မြို့နယ်မှာ ပထမဆုံး မီးရှို့ခံရတဲ့ တာဝါတိုင်ဖြစ်ပြီး ပြိုလဲကျသွားတာမျိုးတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။

FTR အဖွဲ့အနေနဲ့ စစ်ကောင်စီပိုင် စီးပွားရေးလုပ်ငန်းများကို ဖောက်ခွဲဖျက်ဆီးတာတွေ ဆက်လုပ်သွားမယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ကြေညာထားပါတယ်။

2 years Ago
Up