မြန်မာနိုင်ငံ သမိုင်းအပါအဝင် ဝန်ကြီးဌာနအသီးသီးရဲ့ website လိပ်စာတွေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ အလုပ်ခေါ်ယူမှု၊ တင်ဒါ ခေါ်ယူမှုနဲ့ ခရီးသွားလမ်းညွှန်မြေပုံတွေအပါအဝင် ဝန်ကြီးဌာနအသီးသီးရဲ့ သတင်းတွေကို တစုတစုည်းတည်း ဖော်ပြမယ့် Myanmar National Portal ကို စတင်ထုတ်လွှင့်ပါတယ်။
ပြည်သူတွေအနေနဲ့ သိရှိလိုတဲ့ အချက်အလက်တွေကို တနေရာတည်းကနေ ရှာဖွေ နိုင်ဖို့နဲ့ လုပ်ငန်းရှင်တွေ အနေနဲ့လည်း တင်ဒါကိစ္စတွေကို တနေရာတည်းကနေ ကြည့်ရှု နိုင်မှာဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ အစိုးရဌာနတွေရဲ့ လုပ်ဆောင်ချက်တွေကို တနေရာတည်းကနေ အလွယ်တကူ လေ့လာနိုင်စေဖို့ ရည်ရွယ်ပြီး Myanmar National Portal ကို တည်ထောင်ခဲ့တာဖြစ်ပြီး အခုလအတွင်းမှာ တရားဝင် ထုတ်ပြန်ကြေညာဖို့ စီစဉ်ထားတယ်လို့ Myanmar National Portal ကို အဓိက တာဝန်ယူထားရတဲ့ e-Government ဋ္ဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးယဉ်က ပြောပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ ဝန်ကြီးဌာနတွေရဲ့ သတင်းတွေ၊ တင်ဒါတွေနဲ့ ထုတ်ပြန်ချက်တွေကို Myanmar National Portal မှာ ထုတ်လွှင့်နိုင်ဖို့အတွက် သင်တန်းပေးထားပြီးဖြစ်သလို လုပ်ပိုင်ခွင့်လည်း ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
Myanmar National Portal မှာ ဖော်ပြတဲ့ အချက်အလက်တွေကိုတော့ မြန်မာ- အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
5 years Ago