MS Westerdam

February 14, 2020

အပျော်စီးသင်္ဘာမှ ခရီးသည်များတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ်ပြော

ကမ္ဘောဒီးယားဆိပ်ကမ်းမှာ ကမ်းကပ်ခဲ့တဲ့ MS Westerdam အပျော်စီးသင်္ဘာပေါ်က ခရီးသည်တွေကို ဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် ဖေဖော်ဝါရီ ၁၄ ရက်က  သွားရောက် ကြိုဆိုခဲ့ပါတယ်။  နိုင်ငံ ၅ ခုရဲ့ ကမ်းကပ်ခွင့် ငြင်းဆန်ခံရပြီးနောက် MS Westerdam ဟာ နောက်ဆုံး ကမ္ဘောဒီးယားဆိပ်ကမ်းမှာ ကမ်းကပ်ခွင့်ရခဲ့တာပါ။  အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေဟာ ပင်လယ်ပြင်မှာ သီတင်းနှစ်ပတ် သောင်တင်ခဲ့ပြီးနောက် ကမ်းပေါ်ဆင်းခွင့်ရခဲ့ပါတယ်။  သင်္ဘောပေါ်မှာ ခရီးသည် ၁၄၅၅ ယောက်နဲ့ သင်္ဘောအမှုထမ်း ၈၀၂ ယောက်တို့ လိုက်ပါလာပြီး ဖေဖော်ဝါရီ ၁၃ ရက်က စင်ဟာနုဗို ဆိပ်ကမ်းမြို့မှာ ကမ်းကပ်ခဲ့ပါတယ်။  အဲဒီနောက် ကမ္ဘောဒီးယားအာဏာပိုင်တွေက သင်္ဘောပေါ်တက်ပြီး ခရီးသည်တွေဆီကနေ  ဖျားနာမှု နဲ့ တုပ်ကွေးဆန်ဆန် လက္ခဏာရှိမရှိ သွေးနမူနာ ရယူခဲ့ပါတယ်။  အဲဒီနောက် စမ်းသပ်ရာမှာတော့ MS Westerdam အပျော်စီးသင်္ဘောပေါ်က တဦးတယောက်မှ ကိုရိုနာဗိုင်းရပ်စ် မတွေ့ရဘူးလို့  ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။  ဝန်ကြီးချုပ် ဟွန်ဆန်က “တကယ့်ပြဿနာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါမဟုတ်ဘဲ အကြောက်ရောဂါ ဖြစ်တယ်” လို့ ပြောခဲ့ပြီး “တကယ်လို့ သင်္ဘောပေါ်က လူတွေမှာ ဗိုင်းရပ်စ်ရှိခဲ့ရင်လည်း သူတို့ကို အမြန်ဆုံး ကမ်းပေါ်ဆင်းခွင့်ပြုမယ်” လို့ ပြောကြားခဲ့ပါတယ်။ 
2 years Ago

February 13, 2020

နိုင်ငံ၅ နိုင်ငံက ကမ်းကပ်ရန်ငြင်းဆန်ခဲ့သည့် အပျော်စီးသင်္ဘော ကမ္ဘောဒီးယာတွင် ဆိုက်ကပ်ခွင့်ရ

ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှာကို ကြောက်ပြီး နိုင်ငံ ၅ နိုင်ငံက  ကမ်းကပ်ဖို့ ငြင်းဆန်ခဲ့တဲ့ အပျော်စီးသင်္ဘော MS Westerdam ဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ ကမ္ဘောဒီးယားမှာ ကမ်းကပ်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်မို့  ခရီးသည်တွေ စိတ်သက်သာရာရခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ကမ္ဘောဒီးယားနိုင်ငံကို ချီးကျူး လိုက်ပါတယ်။  အပျော်စီးသင်္ဘော MS Westerdam ပေါ်မှာ ခရီးသည် ၁၄၅၅  ဦးနဲ့ အမှုထမ်း ၈၀၂ ဦးတို့ လိုက်ပါလာပြီး စင်ဟာနုဗိုဆိပ်ကမ်းမြို့အနီးမှာ ကျောက်ချရပ်နားထားပါတယ်။ အဲဒီအပျော်စီးသင်္ဘောမှာ နေထိုင်မကောင်းဖြစ်သူ တဦးမှ မရှိပေမယ့်လည်း  ဂျပန် ၊ ထိုင်ဝမ် ၊ ဂူအမ် ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က ကမ်းကပ်ခွင့်ငြင်းဆန်ခဲ့တာပါ။  ဒါပေမဲ့ ကမ္ဘောဒီးယားမှာတော ခရီးသည်အများစု ကမ်းပေါ်ဆင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်မှာ မြို့တော် ဖနွမ်းပင်ကနေ စင်းလုံးငှားလေယာဉ်တွေနဲ့ မိခင်နိုင်ငံတွေဆီ ပြန်ကြလိမ့်မယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up