MPU Peace Marathon Run 2018

January 14, 2018

MPU Peace Marathon Run 2018 ပွဲ ရန်ကုန်မြို့တွင် ကျင်းပ

MPU Peace Marathon Run 2018 ပွဲကို ဒီနေ့ မနက် ၅ ခွဲလောက်က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ MPU peace run 2018 ကို Myanmar Payment Union (MPU) မှ ပထမဦးဆုံး အကြိမ် ကျင်းပပြုလုပ်တာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအနေနဲ့ လက်မှတ်ခ ၈၀၀၀ ကျပ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ MPU peace marathon run 2018 ပွဲမှာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပန်းဝင်သူတွေကို အထိမ်းအမှတ်ဆု(finisher ဆု)တွေပေးအပ်သွားမယ်လို့ ပြောဆိုခဲ့ပေမယ့် ဆုအလုံအလောက်မရှိတာကြောင့် ပြိုင်ပွဲဝင်တွေနဲ့ ပွဲစီစဉ်သူတွေကြား ပြဿနာ ပေါ်ပေါက်ခဲ့ ပါတယ်။ ပြိုင်ပွဲမှာ ၁၀ ကီလိုမီတာကို သတ်မှတ်ချိန် ၁ နာရီခွဲ၊ ၅ ကီလိုမီတာကို သတ်မှတ်ချိန် ၁ နာရီနဲ့ ၃ကီလိုမီတာ အပျော်တမ်းသမားတွေအတွက် မိနစ် ၅၀ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ ပန်းဝင်သူတွေကို အထိမ်းအမှတ်ဆုတွေ ပေးမယ်ပြောထားခဲ့ပေမယ့် လည်း မိနစ် ၅၀ ကျော်လောက်မှာ ဆုတွေနဲ့လက်ဆောင်ပစ္စည်းတွေ ကုန်သွားတဲ့အတွက်ကြောင့် ပြိုင်ပွဲဝင်တစ်ဝက်ကျော်လောက် ဆုတံဆိပ်တွေမရခဲ့ကြပါဘူး။ ဒါကြောင့် သတ်မှတ်အချိန်အတွင်းရောက်ရှိခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေအနေနဲ့ မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့ကီလိုမီတာတွေက မတိကျတဲ့အပြင် ကီလိုမီတာတွေက ပိုနေခဲ့တာကြောင့်လည်း ဝေဖန်မှုတွေရှိနေပါတယ်။
4 years Ago
Up