Mountain စက်ဘီးပြိုင်ပွဲ

December 19, 2019

မြန်မာတနိုင်ငံလုံး ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲ ဖျာပုံမြို့တွင် ကျင်းပမည်

၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာတနိုင်ငံလုံး ဖိတ်ခေါ် Mountain စက်ဘီးပြိုင်ပွဲကို ဖျာပုံမြို့မှာ ကျင်းပသွားဖြစ်ပါတယ်။ မျိုးဆက်သစ်စက်ဘီးစီး အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် Pyapon Cycling Group က ဦးဆောင်ကျင်းပတာဖြစ်ပြီး ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲမှာ အတန်း ၃ တန်း ကျင်းပသွားမယ်လို့ သိရပါတယ်။ လူငယ်တွေကို စက်ဘီးစီးအားကစား လုပ်စေချင်တယ်၊ စက်ဘီးစီးအားကစားက ကျန်းမာရေးအတွက် အထောက်အကူအများကြီး ပြုတာကြောင့် အခုလို ကျင်းပတာလို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။ မြန်မာတနိုင်ငံလုံး ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ဖျာပုံမြို့နယ် ဘန်ဘွေးစုကျွန်းပတ်တာမှာ  ဇန်နဝါရီ ၅ ရက်နေ့ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ယှဉ်ပြိုင်ကျတဲ့ ပြိုင်ပွဲဝင်တွေကိုလည်း နေထိုင်ရေး၊ စားသောက်ရေးတွေ စီစဉ်ပေးသွားမယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီထံက သိရပါတယ်။ ကျော်စိုးမိုး
2 years Ago
Up