တက်စ်လာမော်တော်ကား ကုမ္ပဏီဟာ Model 3 အမျိုးအစား ဆီဒင်ကားကို အမေရိကန် ဒေါ်လာ ၃၅,၀၀၀ နဲ့ ရောင်းချမယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြောကြားပါတယ်။
ဒါဟာ ကုမ္ပဏီက မော်တော်ကားကို အဲဒီဈေးနှုန်းနဲ့ ရောင်းချမယ်လို့ ပြောကြားပြီး ၂ နှစ် နီးပါး အကြာမှာ ဖြစ်ပေါ်လာတာပါ။
တက်စ်လာထုတ် Model 3 အမျိုးအစား ဆီဒင်ကားကို ဈေးချိုချိုနဲ့ အမြောက်အမြား ထုတ်လုပ်တဲ့ ဈေးကွက်ကို ဦးတည်ပြီး ဒေါ်လာ ၃၅,၀၀၀ နဲ့ ရောင်းချဖို့ ကတိပြုခဲ့တာပါ။
အမေရိကန် ဒေါ်လာ ၃၅,၀၀၀ တန် တက်စ်လာကားသစ်ဟာ အမြန်နှုန်း ၁ နာရီ မိုင် ၁၃၀ အထိ မောင်းနှင်နိုင်တယ်လို့ တက်စ်လာက ဆိုပါတယ်။
နောက်ထပ် ဒေါ်လာ ၂၀၀၀ ဈေးပိုပါက တနာရီ မိုင် ၁၄၀ အထိ မောင်းနှင်နိုင်တဲ့ ကားကို တက်စ်လာက ထုတ်လုပ်နိုင်ပါတယ်။
အခုဆိုရင် ကမ္ဘာတ၀ှမ်း တက်စ်လာ မော်တော်ယာဉ်တွေကို အွန်လိုင်းကနေသာ ရောင်းချမှာဖြစ်ပြီး မော်တော်ယာဉ် အရောင်းဆိုင်တွေကို ပိတ်သိမ်းမယ်လို့ တက်စ်လာကုမ္ပဏီက ပြောကြားပါတယ်။
2 years Ago