MNDAA ကိုးကန့်တပ်ဖွဲ့

September 28, 2021

MNDAA ကိုးကန့်တပ်ဖွဲ့က ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး

မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်တပ်ရဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအဖွဲ့က မုံးကိုးခရိုင်အတွင်းမှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး‌ စတင်ထိုးပေးနေတယ်လို့ ကိုးကန့်အုပ်ချုပ်ရေးပိုင်းက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁)၊ မုံးကိုးခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၉ ရွာမှာ‌နေထိုင်တဲ့ အသက် ၁၂ နှစ်ကနေ ၆၀ နှစ်ကြားက လူဦးရေ ၇၉၁ ဦးကို ပထမအကြိမ်ကာကွယ်ဆေးထိုးပေးနိုင်ခဲ့တယ်လို့ MNDAA ကိုးကန့်အုပ်ချုပ်ရေးပိုင်းက ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဟာလည်း သက်ဆိုင်ရာထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူလူထုတွေကို တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေထိုးပေးနေပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိလည်း မုံးကိုးဒေသမှာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

2 years Ago
Up