Miss Supranational

July 16, 2022

Miss Supranational အလှမယ်သရဖူ တောင်အာဖရိကအလှမယ်ဆွတ်ခူး၊ မြန်မာက သွားရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိ

ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် Miss Supranational အလှမယ်သရဖူကို တောင်အာဖရိကအလှမယ် Lalela Mswane က ဆွတ်ခူးရရှိခဲ့ပြီး စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံကတော့ သွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။

အခုနှစ်ရဲ့ Miss Supranational အလှမယ်ပြိုင်ပွဲမှာတော့ 1st Runner Up ဆုကို ထိုင်းအလှမယ်၊ 2nd Runner Up ဆုကို ဗီယက်နမ်အလှမယ်၊ 3rd Runner Upဆုကို အင်ဒိုနီးရှားအလှမယ်နဲ့ 4th Runner Up ဆုကို ဗင်နီဇွဲလား အလှမယ်တွေက အသီးသီး ဆွတ်ခူးရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။

Miss Supranational အလှမယ်ပြိုင်ပွဲတွေကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ပိုလန်နိုင်ငံမှာ စတင်ကျင်းပလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် မကျင်းပဖြစ်ခဲ့ပါဘူး။

ပိုလန်အခြေစိုက် Miss Supranational Beauty Pageant ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်တွေအနေနဲ့ ၂၀၁၃ ခုနှစ်ကစတင်ကာ ဆက်တိုက်ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆုတွေလည်း ရရှိခဲ့ကြဖူးပါ တယ်။

၂၀၁၃ ခုနှစ်က မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ခင်ဝင့်ဝါကို စေလွှတ်ခဲ့ပြီး သူဟာ နိုင်ငံတကာအလှမယ်တွေကြား Top 20 အဆင့်ထိ တက်လှမ်းနိုင်ခဲ့ကာ Miss Internet award ၊ Face of Miss Supranational by Missosology & People Choice award ၊ Most Beautiful Woman in the world by Belarus website ၊ Miss Grand Slam Popularity ၊ 3rd of Miss Grand Slam by Global Beauties စတဲ့ ဆုတွေ ရရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၄ ခုနှစ်မှာတော့ အလှမယ် ဟန်တီက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 10 အဆင့်ထိ ရောက်ရှိခဲ့ကာ Miss Asia & Oceania winner ၊ Miss Internet award ၊ Beauty Concept by most beautiful girl Top 5 ဆုတွေ ရရှိခဲ့တာပါ။

ကချင်အလှမယ် L ဘောက်နူးကတော့ ၂၀၁၅ ခုနှစ်မှာ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 20  အဆင့်ထိ ပါဝင်ခဲ့ကာ Miss Internet award ၊ Best Evening Gown winner award ၊ Best Interview Top 3 ဆုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ မြန်မာအလှမယ် ဆွေဇင်ထက်က Top 10 အဆင့်ထိ ပါဝင်ခဲ့ ပြီး Miss Personality award ၊ Miss Grand Slam Top 50 by Global Beauties ဆုတွေ ရရှိထားပါတယ်။

အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ အလှမယ် ရွှေမှူးဟန်၊ ၂၀၁၈ ခုနှစ်မှာ အလှမယ် ရွှေအိမ်စည်နဲ့ ၂၀၁၉ ခုနှစ်မှာတော့ အလှမယ် အိမ့်မြတ်ချယ်တို့က အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

8 months Ago

December 9, 2019

2019 Miss Supranational အလှမယ်သရဖူ ထိုင်းအလှမယ် ပထမအကြိမ် ဆွတ်ခူး (ရုပ်သံ)

ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် Miss Supranational အလှမယ်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံ ကိုယ်စားပြုအလှမယ် အန်တိုနီရာပေါ်ဆစ်လ်ဒ်က အလှမယ်သရဖူကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်ကတည်းက စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ခုလို သရဖူဆု ရရှိမှုဟာ ထိုင်းနိုင်ငံအတွက်တော့ ပထမဆုံးအနေနဲ့ Miss Supranational အလှမယ်ဆုကို ရရှိခြင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၇၇ နိုင်ငံမှ အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဒီအလှမယ်ပြိုင်ပွဲဟာ ထိပ်တန်းအလှမယ်ပြိုင်ပွဲတခုလည်း ဖြစ်ပြီး အခုနှစ်အတွက် First Runner Up ဆုကိုတော့ နမ်မီးဘီးယားအလှမယ်၊ Second Runner Up ဆုကို အင်ဒိုနီးရှားအလှမယ်၊ Third Runner Up နဲ့ Fourth Runner Up ဆုတွေကိုတော့ ပီရူးအလှမယ်နဲ့ ဗင်နီဇွဲလားအလှမယ်တွေက အသီးသီး ရရှိသွားကြတာ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ သရဖူဆုရှင် ထိုင်းအလှမယ်ဟာ ဒိန်းမတ်-ထိုင်း ကပြားအလှမယ်တဦး ဖြစ်ကာ စတန်းဖို့ဒ်နိုင်ငံတကာတက္ကသိုလ်မှာ ကြော်ငြာနဲ့ ပြည်သူ့ဆက်ဆံရေးဘာသာရပ် အထူးပြုနဲ့ ပညာသင်ကြားနေသူ ဖြစ်ပါတယ်။ အခုနှစ်ရဲ့ Miss Supranational 2019 အလှမယ်ပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် အိမ့်မျက်ခြယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆုရရှိခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ အလှမယ် Pageant ပြိုင်ပွဲတွေထဲမှာ ထင်ရှားတဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်တွေအဖြစ် ၂၀၁၃ ခုနှစ်မှာ အလှမယ် ခင်ဝင့်ဝါ၊ ၂၀၁၄ ခုနှစ်မှာ အလှမယ် ဟန်သီ၊ ၂၀၁၅ ခုနှစ်မှာ အလှမယ် L ဘောက်နူး၊ ၂၀၁၆ ခုနှစ်မှာ အလှမယ် ဆွေဇင်ထက်၊ ၂၀၁၇ ခုနှစ်မှာ အလှမယ် ရွှေမှူးဟန်နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ အလှမယ် ရွှေအိမ်စည်တို့က သွားရောက်ယှဉ်ပြိုင်ခဲ့ကြဖူးပါတယ်။
3 years Ago
Up