Miss Myawaddy ပြိုင်ပွဲတွင် အလှမယ် မဟန်လေး သရဖူဆု ဆွတ်ခူး

November 25, 2019

Miss Myawaddy ပြိုင်ပွဲတွင် အလှမယ် မဟန်လေး သရဖူဆု ဆွတ်ခူး

ကရင်ပြည်နယ်၊ မြဝတီမြို့ ကိုယ်စားပြု အလှမယ်ရွေးပွဲကို မနေ့ညက   မြဝတီမြို့ ပိုင်ပိုင်စားသောက်ဆိုင်မှာ ကျင်းပရာမှာ ခါးနံပါတ်(၁၃) အလှမယ် မဟန်လေးက  ၂၀၁၉ အလှမယ် သရဖူဆုနဲ့ ရွှေမြစ်သောင်ရင်းကုမ္ပဏီက ပေးအပ်တဲ့ ငွေသား ကျပ် ၁၀ သိန်း ဆွတ်ခူးသွားပါတယ်။ ဒီပြိုင်ပွဲမှာ အလှမယ် ၁၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယဆုကိုတော့ အလှမယ်မကြည်လဲ့စိုး၊  တတိယဆုကို အလှမယ် မကြည်ကြည်တို့က ဆွတ်ခူးရရှိပါတယ်။ သတင်း - ဖိုးစီ
3 years Ago
Up