ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၂၅ ရက်ညက ကျင်းပသွားတဲ့ Miss Grand International 2015 ပြိုင်ပွဲမှာ ဒိုမေနီကန်သမ္မတ နိုင်ငံက အလှမယ် အန်နီရာ ဂါစီယာက သရဖူဆု ရရှိသွားပါတယ်။
ပထမဆုကိုတော့ သြစတြေးလျမယ်၊ ဒုတိယဆုကို အိန္ဒိယ အလှမယ်တို့ရရှိပြီး တတိယနဲ့ စတုတ္ထဆုတွေကိုတော့ ဖိလစ်ပိုင်နဲ့ အိမ်ရှင် ထိုင်းအလှမယ်တွေက အသီးသီး ရရှိသွား ပါတယ်။
ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက အလှမယ် စံထိပ်ထားလင်းလည်း ပါဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပေမယ့် နောက်ဆုံး ဆန်ကာတင် ၂၀ ထဲပါမလာခဲ့ သလို ဆုရရှိခဲ့ခြင်းလည်း မရှိပါဘူး။
ရုပ်သံ - Miss Grand International 2015
5 years Ago