Minneapolis

June 26, 2021

လူမည်း Floyd အား သတ်မှုဖြင့် Minneapolis ရဲအရာရှိဟောင်းကို ထောင်ဒဏ် ၂၂ ချမှတ်

ကမ္ဘာချီ ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့အမှုက Minneapolis ရဲအရာရှိဟောင်း Derek Chauvin ကို မင်နီဆိုတာတရားသူကြီးက ဇွန် ၂၅ ရက်မှာ လူမည်းအမျိုးသား George Floyd ကို သတ်မှုနဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်ပါတယ်။ 

၂၀၂၀ ပြည့်နှစ်၊ မေလက Minneapolis လမ်းဘေးမှာ အသက် ၄၆ နှစ်အရွယ် လူမည်း Floyd ကို လက်ထိပ်ခတ် ဖမ်းဆီးရာမှာ လည်ပင်းကို ဒူးနဲ့‌ ထောက်ထားတာကို ရိုက်ကူးထားတဲ့ အချိန် ၉ မိနစ်ကြာ ဗွီဒီယိုဟာ ကမ္ဘာတစ်ဝှမ်းလုံး ဒေါသထွက်ခဲ့ပြီး ဆယ်စုနှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုမှာ အကြီးမားဆုံး ဆန္ဒပြလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့တာပါ။ 

ပြစ်မှုကျူးလွန်တဲ့ အသက် ၄၅ နှစ်အရွယ် ရဲအရာရှိဟောင်း Chauvin ကို ရုံးတင်စစ်ဆေးပြီးနောက်မှာ တရားသူကြီးက ဧပြီ ၂၀ ရက်မှာ မတော်တဆ လူသတ်မှု ဒုတိယဒီဂရီ၊ တတိယဒီဂရီနဲ့ ကြိုတင်ကြံစည်မှုမရှိဘဲ လူသတ်မှု ဒုတိယဒီဂရီတို့နဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ 

သူဟာ ဖက်ဒရယ် နိုင်ငံသားအခွင့်အရေးဆိုင်ရာ စွဲချက်တွေကိုလည်း ရင်ဆိုင်ရပါတယ်။ ဒီအမှုဟာ အမေရိကန်ရဲ့ ရဲလုပ်ငန်းစဉ်သမိုင်းမှာ အချိုးအကွေ့ကာလတခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြပါတယ်။ 

အစိုးရရှေ့နေတွေဟာ နှစ်ပေါင်း ၃၀ ထောင်ဒဏ်ကျခံစေဖို့ တောင်းဆိုခဲ့ကြပြီး တရားခံဘက်ကတော့ ကြီးကြပ်မှုအောက်မှာ စောင့်ကြည့်ခံရဖို့ တောင်းဆိုခဲ့ပါတယ်။

  Chauvin ဟာ ပြစ်မှုထင်ရှား စီရင်ခံရပြီးကတည်းက နိုင်ငံရဲ့ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာပါ။ 

Floyd ကို ဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိ သုံးဦးကိုလည်း နောက်နေ့မှာ ထုတ်ပယ်လိုက်ပြီး သူတို့ကိုတော့ Floyd ကို သတ်ဖြတ်မှုမှာ အားပေးကူညီမှုနဲ့ လာမယ့်နှစ်မှာ ရုံးတင်စစ်ဆေးခံရမှာဖြစ်ပါတယ်။ 

7 months Ago
Up