Mid-Rate

September 11, 2021

နိုင်ငံခြားငွေရောင်းဝယ်ရာတွင်ထားရမည့် ကွာဟသတ်မှတ်ချတ် ဗဟိုဘဏ်ပယ်ဖျက်

နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ရာမှာ ထားရမယ့် ကွာဟသတ်မှတ်ချက်ကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်တွေ၊ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရသူတွေအနေနဲ့ နိုင်ငံခြားသုံးငွေ ရောင်းချဝယ်ယူလဲလှယ်ရာမှာ ဗဟိုဘဏ်ရည်ညွှန်းဈေးနှုန်းကို Mid-Rate အဖြစ်သတ်မှတ်ပြီး ရောင်းဈေးနဲ့ ဝယ်ဈေးကို ၀ ဒသမ ၈ ရာခိုင်နှုန်း (ကျပ် ၁၀၀၀ မှာ ၈ ကျပ်)အတိုးအလျော့ကြားမှာ လုပ်ကြဖို့ ညွှန်ကြားချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ် ၃ ရက်နေ့ အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၁၇၀၀ ဝန်းကျင် ဘဏ်တွေက သတ်မှတ် ရောင်းဝယ်နေပြီး အပြင်မှာတော့ ကျပ် ၂၀၀၀ အထိ ခေါ်ဈေးရှိနေပါတယ်။

2 years Ago
Up