Michael Peña

November 17, 2020

ငယ်ဘဝဇာတ်ကောင် Tom and Jerry ကာတွန်းရုပ်ရှင်ကို Live-Action ရုပ်ရှင်အဖြစ် ရှုစားရမည် (နမူနာ)

အားလုံးသိကြတဲ့ ပရိသတ်အချစ်တော် ငယ်ဘဝဇာတ်ကောင် Tom and Jerry ကာတွန်းရုပ်ရှင်ကို Live-Action ရုပ်ရှင်ကားတကားအဖြစ် ပြန်လည်ဆန်းသစ်ရိုက်ကူးထားပြီး လာမယ့်နှစ်ထဲ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီကားကိုတော့ Warner Bros. Pictures က ဖြန့်ချိပေးသွားမှာဖြစ်ပြီး Taxi ၊ Fantastic Four ၊ Shaft စတဲ့ ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Tim Story က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ မတည့်အတူနေ ကြောင်နဲ့ ကြွက်ဇာတ်လမ်းအဖြစ် အချိန် ၆ မိနစ်ကနေ ၁၀ မိနစ် ကြားသာ ကြာမြင့်တဲ့ ဇာတ်လမ်းတိုတွေကိုတော့ Metro-Goldwyn-Mayer ကုမ္ပဏီကနေ ၁၉၄၀ ပြည့်နှစ်ကစပြီး ၁၉၆၇ ခုနှစ်ထိ ပြသခဲ့ပြီး ဆယ်စုနှစ်တွေချီ အောင်မြင်လူကြိုက်များခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Tom and Jerry မူကွဲဇာတ်လမ်းတွေအနေနဲ့ ရိုက်ကူးမှုတွေ ရှိခဲ့ပေမယ့် အရင်ကားတွေလောက် ပရိသတ်တွေကို ဆွဲဆောင်မထားနိုင်ခဲ့ပါဘူး။ ခုအသစ်ထွက်ရှိလာမယ့် Live-Action ရုပ်ရှင်ကားတကားအဖြစ် ဖန်တီးပုံဖော်မှုမှာတော့ လူသားသရုပ်ဆောင်ဇာတ်ကောင်တွေ၊ အဲန်နီမေးရှင်း အထူးပြုလုပ်ချက်တွေလည်း ပါဝင်လာမှာ ဖြစ်တာမို့ ဘာတွေ ထူးထူးခြားခြား ပါဝင်လာဦးမလဲဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Chloë Grace Moretz ၊ Michael Peña ၊ Rob Delaney ၊ Colin Jost ၊ Ken Jeong တို့က ပါဝင်ထားကြတာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ စတင်ပြီးတော့ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။
5 months Ago
Up