Mercury

May 7, 2018

သူငယ်ချင်း ၅ ယောက်နှင့် ထူးဆန်းသည့် လူသတ်သမား သဲထိတ်ရင်ဖိုရုပ်ရှင်-Mercury (နမူနာ)

ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ရှေ့မှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာတွေကို ဖန်တီးပုံဖော်ထားတဲ့ Mercury ရုပ်ရှင်ကားကို ပရိသတ်တွေ မကြာခင်မှာ ရင်တမမနဲ့ ခံစားကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားဟာ ဘောလိဝုဒ် သဲထိတ်ရင်ဖို ရုပ်ရှင်ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းတိုတွေ ရိုက်ကူးရာမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ ကာသစ်ခ် ဆူဘာရက်ဂ်ျက ရိုက်ကူး ပုံဖော်ထားခဲ့တာပါ။ သူငယ်ချင်းငါးယောက်ဟာ စက်ရုံအဟောင်းတခုထဲကို အမှတ်မထင် ရောက်ရှိလာခဲ့ကြတယ်။ အဲဒီအဆောက်အအုံထဲမှာတော့ မာကျူရီအဆိပ်သင့်ပြီး လူသတ်ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ ဆဲလ်တွေကြောင့် လူမြင်တာနဲ့ လိုက်သတ်မိတဲ့ ယောက်ျားကြီးတယောက် ရှိနေပါတယ်။ သူတို့ဟာ အဲဒီလူကြီးက ဘာကြောင့် ဒီလိုခံစားနေရတာလဲဆိုတာ အဖြေရှာကြရင်း စိတ်ချောက်ချားဖွယ် ကြည့်ရှုခံစားရမယ့် ဇာတ်ကားတကားပါ။ သရုပ်ဆောင်တွေအနေနဲ့ မင်းသား ပရာဘူးဒေဗာ၊ ဆနန်ရက်ဒီနဲ့ မင်းသမီး ရမ်ညာနမ်ဘီးဆန်တို့က ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကတည်းက ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်ရှိ ရုံတင်ပြသနေတာ ဖြစ်ပါတယ်။
4 years Ago
Up