Mechenical ကားပါကင် လုပ်ရန်ကြိုးစားနေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

A d v e r t i s e m e n t With Us

June 30, 2019

Mechanical ကားပါကင် လုပ်ရန်ကြိုးစားနေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

ရန်ကုန်မြို့တွင်းက ကားပါကင်ပြသနာကို ဖြေရှင်းနိုင်ဖို့ Mechanical ကားပါကင် လုပ်ဖို့ ကြိုးစားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဇွန်လ၂၉ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုသွားတာပါ။ “လမ်းတွေကျယ်ပြီး ကြားမှာနေရာပေးနိုင်မယ်ဆိုရင် အခု ညဈေးတန်းလို့ လုပ်ထားတဲ့ နေရာမျိုးမှာ Mechanical ကားပါကင် ဆိုတာကတော့ ဓာတ်လှေကားလို့ အပေါ်ကိုကားတွေ တင်ထားပြီး စီးမယ့်အချိန်ကျရင် အောက်ကိုပြန်ချပေးမယ့် စနစ်မျိုး။ ဒါပေမယ့် ကျနော်တို့က အခက်အခဲလေး နည်းနည်းရှိတာတွေရှိတယ်။ ကားပါကင်ကြေးက နည်းနည်းများနေတယ်။ ကားစီးမယ့်သူက ပေးနိုင်ပါ့မလားဆိုပြီး ကျနော်တို့ နည်းနည်းသတိပြုပြီးဆောင်ရွက်နေပါတယ်။ ကားစီးတဲ့သူတွေလည်း သင့်တင့်တဲ့နှုန်းနဲ့ ပေးနိုင်မယ့် ကားပါကင်မျိုးတွေကို တည်ဆောက်ပြီး လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။” ရန်ကုန်မြို့မှာ လက်ရှိကားပါကင်တွေဟာ ဦးသူရပ်စနစ်မျိုးဖြစ်နေပြီး လမ်းဘေးဈေးဆိုင် တဆိုင်စာထက်တောင် aနရာယူနေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် Mechanical ကားပါကင် စနစ်လုပ်ဖို့ ကြိုးစားနေတာလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
2 years Ago
Up