Masks

A d v e r t i s e m e n t With Us

April 8, 2020

ကိုရိုနာကာကွယ်ရေး နှာခေါင်းစည်း Masks များ လက်ဘနွန် အကျဉ်းသားများ ချုပ်လုပ်

လက်ဘနွန်နိုင်ငံရဲ့ အကြီးဆုံးထောင်ထဲက ထောင်သားတွေဟာ ပြည်တွင်းလုံခြုံရေး တပ်ဖွဲ့ဝင် (ISF) တွေနဲ့ ထောင်သားတွေအတွက် မျက်နှာဖုံး၊ နှာခေါင်းစည်းတွေကို ချုပ်လုပ်နေပါတယ်။ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေး အစိတ်အပိုင်းအနေနဲ့ ခုလို ထုတ်လုပ်နေတာပါ။ (ISF) တပ်ဖွဲ့ဝင်တွေရဲ့ ကြီးကြပ်မှုအောက်က အလုပ်ရုံထဲမှာ ထောင်သားတွေ အလုပ်လုပ်နေပါတယ်။ လတ်တလော ဖြန့်ချိထားတဲ့ ရုပ်သံထဲမှာ ထောင်သားအားလုံး မျက်နှာဖုံးနဲ့ လက်အိတ်တွေ ဝတ်ထားတာ တွေ့ရပါတယ်။ ရူမီယာထောင်ထဲက အထည်ချုပ်အလုပ်ရုံဟာ သီတင်းပတ် တပတ်ကျော်အတွင်း မျက်နှာဖုံး ရာချီ ထုတ်လုပ်ခဲ့ပြီး ဘေးရွတ်မြို့တော်က ပုဂ္ဂလိက တက္ကသိုလ်ဆေးရုံမှာ သုံးနေတယ်လို့ (ISF) ဌာန ပြည်သူ့ဆက်ဆံရေး အကြီးအကဲ ဗိုလ်မှူးကြီး ဂျိုးဇက်မောင်ဆယ်လမ်က ဧပြီ ၇ ရက်မှာ ပြောပါတယ်။ (ISF) ဌာနဟာ မျက်နှာဖုံး ချုပ်လုပ်နည်းကို ဆေးရုံတွေကနေ သင်ယူခဲ့ပြီး ထောင်သားတွေကို ပြန်သင်ပြပေးခဲ့တယ်။ ထောင်သားတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေး စစ်ပွဲမှာ ပါဝင်ခွင့်ရလို့ ဂုဏ်ယူနေကြတယ်လို့ သူက ဆက်ပြောပါတယ်။ လက်ဘနွန်ထောင်တွေထဲမှာ ကိုရိုနာကူးစက်ခံမှတ်တမ်း မရှိပါဘူး။ နိုင်ငံတွင်း အင်္ဂါနေ့ထိ အတည်ပြုချက်အရ COVID-19  ကူးစက်ခံ ၅၄၈ ယောက် ရှိပြီး ကူးစက်ခံ ၁၉ ယောက် သေဆုံးခဲ့ပါတယ်။
11 months Ago
Up