စင်္ကာပူနိုင်ငံမှာ ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေကို အရောင်းစက်တွေကနေ မကြာခင်မှာ ဝယ်ယူအသုံးပြုနိုင် တော့မှာပါ။
ဗွီဒီယိုဂိမ်း ဟာ့ဒ်ဝဲလ် ထုတ်လုပ်သူ Razer ကုမ္ပဏီက သူရဲ့ ပြည်တွင်းဖြစ် နှာခေါင်းစည်းတွေကို နိုင်ငံတဝန်း အရောင်းစက်တွေကနေ ဖြန့်ဝေသွားမယ်လို့ မေလ ၁၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။
စင်္ကာပူရဲ့ကုမ္ပဏီ အတော်များများရှိတဲ့နေရာမှာ ဇွန်လ ၁ ရက်ကျရင် နှာခေါင်းစည်း အရောင်းစက်ပေါင်း ၂၀ လောက် ကနဦး ထားရှိသွားမယ်လို့ ကုမ္ပဏီက ပြောဆိုပါတယ်။
အဲဒီရက်မှာ နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် တားဆီးရေး အစီအမံတွေကို ရုပ်သိမ်းမှာ ဖြစ်ပြီး အခုဆိုရင် စင်္ကာပူနိုင်ငံက လူအများသွားလာရာ နေရာတွေမှာ နှာခေါင်းစည်း မတပ် မနေရ ဖြစ်လာပါတယ်။
Razer ကုမ္ပဏီက စင်္ကာပူနိုင်ငံသားတွေနဲ့ နေထိုင်သူတွေကို ကနဦးအနေနဲ့ နှာခေါင်းစည်း ၅ သန်း အခမဲ့ ဖြန့်ဝေသွားပြီး နောက်ပိုင်း ရောင်းချသွားမယ်လို့ ဆိုပါတယ်။
နှာခေါင်းစည်း တွေကို ဘယ်လောက်နှုန်းနဲ့ ရောင်းချမလဲဆိုတာကိုတော့ ကုမ္ပဏီက မ ပြောခဲ့ပါဘူး။
စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၃,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ အယောက် ၂၀ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
11 months Ago