Mask မတက်သူအရေးယူ

June 4, 2020

တိုက်ကြီးတွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၃၆ ဦးနှင့် Mask မတက်သူ ၁၇၆ ဦးကို အရေးယူ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်း တိုက်ကြီး၊ အဖျောက်မြို့နဲ့ ဥက္ကံမြို့တွေမှာ ညမထွက်ရအမိန့် ဖောက် ဖျက်သူ ၃၆ ဦးနဲ့ Mask မတတ်သူ ၁၇၆ ဦးကို တိုက်ကြီးမြို့နယ်တရားရုံး က ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ တိုက်ကြီးမြို့နယ်မှာ ဧပြီလအတွင်း ပညာပေးကာလအဖြစ်သတ်မှတ်ခဲ့ပြီး Mask အခမဲ့ဖြန့်ဝေပေးတာနဲ့ အသိပညာပေးလက်ကမ်းစာစောင်တွေ ဝေတာ၊ အသံချဲ့စက်တွေနဲ့ ကြော်ငြာတာတွေ ပြုလုပ်ခဲ့ပါတယ်။  မေလ ပထမအပတ်က စတင်ပြီး ညမထွက်ရ အမိန့်ပုဒ်မ( ၁၈၈) ဖောက်ဖျတ်သူတွေနဲ့ Mask မတပ်ဆင်သူတွေကို စတင်ဖမ်းဆီးအရေးယူခဲ့တာပါ။ တိုက်ကြီးမြို့မှာ ညမထွက်ရ အမိန့်ဖောက်ဖျက်သူ အမျိုးသား ၁၃ ဦးနဲ့ ကလေး ၄ ဦး၊ အဖျောက်မြို့မှာ အမျိုးသား ၁၀ ဦးနဲ့ ကလေး ၂ ဦး၊ ဥက္ကံမြို့မှာ အမျိုးသား ၅ ဦးနဲ့ ကလေး ၂ ဦးနဲ့ Mask မတပ်သူ ၁၇၆ ဦးတို့ကို တိုက်ကြီးမြို့နယ်အုပ်ချပ်ရေးမှူးရုံးက တရားလိုပြု လုပ်တရားစွဲဆိုခဲ့တာပါ။ တိုက်ကြီးမြို့နယ်တရားရုံးက ညမထွက်အမိန့်ဖောက်ဖျက်သူတွေကို ထောင်ဒဏ် ၁ လ၊ မတ်မတပ်ဆင်သူတွေကို ငွေဒဏ် ၅၀၀၀ ကျပ်နဲ့ ကလေးငယ်တွေကိုတော့ မိဘများလက် ပြန်အပ်ပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - မေသွယ်
1 year Ago
Up