Mask

A d v e r t i s e m e n t With Us

December 4, 2020

အမေရိကန်ပြည်သူတိုင်း ရက်ပေါင်း ၁၀၀  Mask တပ်ရန်  ဘိုင်ဒင် နှိုးဆော်

အမေရိကန်ပြည်သူတိုင်း နှာခေါင်းစည်း Mask တပ်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ လျော့ကျမယ် ယုံကြည်တယ်လို့ ဂျိုးဘိုင်ဒင်က CNN သတင်းဌာနကို ပြောပါတယ်။  ဒါ့အပြင် အစိုးရရုံးဌာနအားလုံးမှာ နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားမယ်လို့လည်း  မစ္စတာ ဘိုင်ဒင်က ပြောပါတယ်။   သမ္မတရာထူးလက်ခံတဲ့ ပထမဆုံးနေ့မှာ အမေရိကန်ပြည်သူတွေကို ရက် ၁၀၀ နှာခေါင်း စည်းတပ်ဖို့ ညွှန်ကြားသွားမယ်လို့ CNN သတင်းဌာန တွေ့ဆုံမေးမြန်းခန်းမှာ ဘိုင်ဒင်က ပြောပါတယ်။  ကာကွယ်ဆေးထိုးတာနဲ့  နှာခေါင်းစည်းတပ်တာက ကိုဗစ်ကူးစက်မှု သိသိသာသာ လျော့ကျသွားမယ်ထင်တယ်လို့  ဘိုင်ဒင်က ပြောပါတယ်။  အမေရိကန်သမ္မတအနေနဲ့ ပြည်သူတွေကို နှာခေါင်းစည်း တပ်ခိုင်းဖို့ ဥပဒေအရ လုပ်ပိုင်ခွင့် မရှိဘူးလို့  ဖွဲ့စည်းပုံကျွမ်းကျင်သူတွေက ပြောဆိုပေမဲ့ ဘိုင်ဒင်ကတော့ သူနဲ့ ကမ်မလာဟဲရစ်တို့ ဟာ စံနမူနာအနေနဲ့ နှာခေါင်းစည်းတပ်ပြမယ်လို့  အင်တာဗျူးအတွင်း ပြောလိုက်ပါတယ်။
2 months Ago

September 13, 2020

တောင်ဒဂုံမြို့နယ်တွင် Mask တပ်ဖို့ Campaign ပြုလုပ် (ဓာတ်ပုံ)

တောင်ဒဂုံမြို့နယ် လူစည်ကားရာ နေရာမှာ ဒီနေ့မနက်ပိုင်းက DMG Driving Myanmar Group (တောင်ဒဂုံမြို့နယ်) SDG က ဦးဆောင်ကာ Mask တပ်ဖို့နဲ့ လက်ဆေးဖို့ Campaign ပြုလုပ်ခဲ့ပြီး Mask အခုရေပေါင်း ၅,၀၀၀ အခမဲ့ဖြန့်ဝေပေးခဲ့ပါတယ်။ DMG တောင်ဒဂုံမြို့နယ် တာဝန်ခံက “အခုချိန်မှာ ကိုဗစ်ရောဂါ ဖြစ်နေပေမယ့် မဖြစ်မနေ လမ်းပေါ်ထွက်ပြီး အလုပ်သွားနေရတဲ့သူတွေကို Mask တပ်ဖို့နဲ့ လက်ဆေးဖို့အတွက် Campaign ပြုလုပ်ရတာ”လို့ ပြောပါတယ်။ မဖြစ်မနေ လမ်းပေါ်သွားနေရတဲ့သူတွေအတွက် အကူအညီရအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့တာလို့ Campaign မှာ ပါဝင်ခဲ့တဲ့ တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကလည်း ပြောပါတယ်။
5 months Ago
More News
Up