Mary

November 14, 2019

ကျော်ကျော်ဗိုလ်၊ ပိုင်ဖြိုးသုနှင့် အဆိုတော် Mary တို့ပါဝင်သည့် ‘အဟောင်း’ရုပ်ရှင် ရိုက်ကူးမည်

       သရုပ်ဆောင်မင်းသား ကျော်ကျော်ဗိုလ်၊ အောင်ရဲထိုက်၊ ပိုင်ဖြိုးသုနဲ့ အဆိုတော် Mary တို့ ခေါင်းဆောင်ပါဝင်ကြမယ့် ရုပ်ရှင်ကားတကားကို Golden Hour ရုပ်ရှင်ထုတ် လုပ်ရေးက ရိုက်ကူးသွားဖို့ ရှိနေပါတယ်။        ‘အဟောင်း’လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားဟာ စာရေးဆရာ လူနေရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်နဲ့ ဒါရိုက်တာ သီဟစိုးက ရိုက်ကူးပုံဖော်သွားမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ဟာ ပြီးခဲ့တဲ့ နှစ်ကမှ နာမည် ကြီး ‘မုန်းစွဲ’ရုပ်ရှင်နဲ့ အကယ်ဒမီဆုရရှိထားခဲ့တဲ့ သရုပ်ဆောင်မင်းသားတယောက်ဖြစ်ပြီး ပိုင်ဖြိုးသုကလည်း ‘မီ’၊ လတ်တလောရုံတင်ပြသနေတဲ့ ‘ထာဝရနှောင်ကြိုး’ရုပ်ရှင်ကားတွေ နဲ့ ပရိသတ်အားပေးလက်ခံမှုတွေ ရရှိထားတာမို့ ခုလိုတွဲဖက်ရိုက်ကူးမှုကလည်း စိတ်ဝင် စားစရာ ဖြစ်နေတာပါ။        နောက်ထပ် လူငယ်သရုပ်ဆောင်သစ်တဦးဖြစ်တဲ့ အောင်ရဲထိုက်ကတော့ ဒါရိုက် တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ညရုပ်ရှင်ကားနဲ့ ပရိသတ်သတိပြုမိခဲ့သူဖြစ်ကာ လူငယ်ပရိသတ်ကြိုက် အဆိုတော် Mary ကတော့ ဒီရုပ်ရှင်ကားက သူ့အတွက် ပထမဆုံးရုပ်ရှင်ကားတကား ဖြစ်လာခဲ့ တာပါ။        ‘အဟောင်း’ရုပ်ရှင်ကားရဲ့ ကန်တော့ပွဲပေးတဲ့ အခမ်းအနားကိုတော့ ဒီကနေ့မနက် ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up