M-150 Cup တွင်

December 9, 2017

M-150 Cup တွင် မြန်မာယူ-၂၃ အသင်း ဗီယက်နမ်နှင့် စတင်ယှဉ်ပြိုင်မည်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် M-150 Cup ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာယူ-၂၃အသင်းက ဗီယက်နမ် ယူ-၂၃ အသင်းနဲ့ ဒီနေ့ညနေ ၃ နာရီခွဲမှာ စတင်ယှဉ်ပြိုင်ကစားမှာပါ။ ဒီပြိုင်ပွဲမှာ အိမ်ရှင် ထိုင်းယူ-၂၃ အသင်းက ဂျပန်၊ မြောက်ကိုရီးယား ယူ-၂၃ အသင်းတွေနဲ့ အုပ်စု A မှာ တွေ့ဆုံနေတာပါ။ မြန်မာအသင်းက ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန် ယူ-၂၃ အသင်းတွေနဲ့ အုပ်စု B မှာ တွေ့ဆုံပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမယ့်ဒီဇင်ဘာ ၁၁ ရက်မှာ ဥဇဘက်ကစ္စတန် ယူ-၂၃ နဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။ အုပ်စုပွဲစဉ်တွေ ကစားအပြီးမှာ အုပ်စု ပထမနှစ်သင်းက ဗိုလ်လုပွဲယှဉ် ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စုဒုတိယရတဲ့ နှစ်သင်းက တတိယလုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းပြိုင်ပွဲဝင်ခဲ့တဲ့ အသင်းက ကစားသမားတွေနဲ့ အခြေခံဖွဲ့စည်းထားတာဖြစ်ပြီး ထိုင်းကလပ်ဆီ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူးအောင်သူ မပါဝင်ပေမယ့် တခြားအဓိက ကစားသမားတွေကို ဆက်ပြီး ရွေးချယ်ထားပါတယ်။ မြန်မာယူ-၂၃ အသင်းဟာ ဒီပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်က MNL All Star အသင်းနဲ့ ခြေစမ်းကစားခဲ့ပြီး ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဓာတ်ပုံ - MFF၊Thai FA
3 years Ago
Up