Low Season

February 20, 2020

ပီးမတ်ခ်မင်းသား မာရီယို ပါဝင်သည့် အချစ်ဟာသဇာတ်မြူးရုပ်ရှင် Low Season(နမူနာ)

ထိုင်းရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Low Season ရုပ်ရှင်ကို ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ အချစ်ဟာသဇာတ်မြူး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ Pee Mak ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ထိုင်းသရုပ်ဆောင်မင်းသား Mario Maurer နဲ့ သရုပ်ဆောင်မင်းသမီး Ploy Pailin Thangprabhaporn တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။ Lin ဆိုတဲ့ ကောင်မလေးဟာ ပရလောက ဝိညာဉ်လောကသားတွေကို မြင်မြင်နေရ တဲ့အတွက် ချစ်သူက သူ့ကို စိတ်ကုန်ပြီး အဆင်မပြေဖြစ်ကာ လမ်းခွဲခဲ့ရပါတယ်။  အဲဒီနောက်တော့ Single တယောက်ဖြစ်လာခဲ့တဲ့ သူဟာ စိတ်ပြေလက်ပျောက် နိုင်ငံမြောက်ဘက်ပိုင်းဆီ တကိုယ်တော် ထွက်လာခဲ့ပါတယ်။ ခရီးသွားရာသီမဟုတ်တဲ့ Low Season ဖြစ်တဲ့အတွက် ခရီးသွားတွေလည်း တွေ့ရနည်းမယ်လို့ မျှော်လင့်ထားခဲ့တာပါ။  အဲဒီခရီးစဉ်တလျှောက်မှာလည်း သူဟာ ဝိညာဉ်လောကသားတွေကို မြင်နေရဆဲဖြစ်ပြီး Put ဆိုတဲ့ကောင်လေးတယောက်နဲ့ အမှတ်မထင် ဆုံခဲ့ရပါတယ်။ Put ဟာ သရဲဇာတ်လမ်းရေးဖို့ ဇာတ်လမ်းရှာနေတဲ့ ဇာတ်ညွှန်းရေးဆရာတယောက်ဖြစ်ပြီး Lin ဟာ သူ့အတွက် စာရေးဖို့ ကုန်ကြမ်းဖြစ်လာခဲ့ပါတော့တယ်။  ဒါပေမယ့် Lin ဟာ ပရလောကသားတွေကို မြင်နိုင်တယ်ဆိုတာကို မသိခဲ့ဘဲ တောင်တက် ခရီးကြမ်းကို စွန့်စားခန်းထွက်ကြရင်း သူတို့ မေတ္တာမျှသွားကြချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လိုတွေ ကြုံတွေ့ရဦးမလဲ ဆိုတာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ပြီး ရုံတင်ပြသ နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
1 year Ago
Up