စပိန်နိုင်ငံအတွင်း အသွားအလာ ကန့်သတ်မှုပိတ်ဆို့မှု လော့ခ်ဒေါင်းကို တတိယအကြိမ်မြောက် သက်တမ်းတိုးဖို့ လွှတ်တော်ကို တောင်းဆိုသွားမယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က မနေ့ကဧပြီ ၁၈ မှာ ပြောလိုက်ပါတယ်။
စပိန်ဟာ ပိတ်ဆို့မှု သက်တမ်းတကြိမ်ကို ၁၅ ရက် သတ်မှတ်ထားပြီး၊ အခုက တတိယအကြိမ် သက်တမ်းတိုးဖို့ပါ။
ဝန်ကြီးချုပ် ဆန်းချက်ဇ်က ဧပြီ ၂၇ ရက်နေ့နောက်ပိုင်း ကလေးတွေကို အိမ်ပြင်ထွက်ခွင့် အကန့်အသတ်နဲ့ ပေးသွားမယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ဥရောပမှာ အထိခိုက်ဆုံးတနိုင်ငံဖြစ်တဲ့ စပိန်ဟာ ဧပြီ ၁၈ ရက်မှာ ကူးစက်ခံရနှုန်း ကျလာတယ်ဆိုပေမဲ့ သေဆုံးသူ နှစ်သောင်းကျော်နေပါပြီ။
စပိန်ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ စနေနေ့မှာ သေဆုံးသူ ၅၆၅ ဦးရှိပြီး ဒါဟာ သောကြာနေ့က သေဆုံးသူဦးရေ ၅၈၅ ဦးထက် လျော့နည်းလာတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
စပိန်နိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေကလည်း အခုဆို ၁၉၄,၄၁၆ ဦးနဲ့ သေဆုံးသူ ၂၀၆၃၉ ဦး ရှိနေပြီ ဖြစ်ပါတယ်။
11 months Ago