ဖက်ဒရယ်ဒီမိုကရေစီအရေး၊ အာဏာရှင်အမြစ်ပြတ်ရေး၊ သပိတ်တိုက်ပွဲတွေအပါအဝင် တော်လှန်ရေးကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ လူ့အခွင့်အရေး၊ LGBT အခွင့်အရေး စတာတွေကို အရှိန်မြှင့်ဆောင်ရွက်နိုင်ဖို့ LGBT Union-Mandalay ကို ဖွဲ့စည်းလိုက်တယ်လို့ အဖွဲ့တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
LGBT Union-Mandalay ဟာ မန္တလေးမြေပြင်သပိတ်တွေမှာ ပါဝင်နေတဲ့ LGBTအင်အားစုတွေကို အခြေတည်ပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြေပြင်သပိတ်တွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး CDMမှာပါဝင်ထားတဲ့ LGBTတွေနဲ့ ဖမ်းဆီးခံ LGBT တွေကိုလည်း ထောက်ပံ့မှုတွေ လုပ်သွားမယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ LGBTတွေရဲ့ ပါဝင်မှုနဲ့ LGBTတွေရဲ့ ဖြစ်မှုတွေကို လက်ခံပေးဖို့၊ ခွဲခြားဆက်ဆံမှုတွေ မရှိဖို့အတွက်လည်း မျှော်လင့်တယ်လို့ဆိုပါတယ်။