Lee Ji Ah

November 4, 2020

အမျိုးသမီးဇာတ်ကောင်အားပြိုင်မှုများနှင့် ရှုစားရမည့် The Penthouse: War in Life ကိုရီးယား ရုပ်သံစီးရီးစ်(နမူနာ)

ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ဒိတ်ဒိတ်ကြဲ အမျိုးသမီးဇာတ်ကောင်တွေေရဲ့ သရုပ်ဆောင် အားပြိုင်မှုတွေနဲ့ ရှုစားကြရမယ့် The Penthouse: War in Life ကိုရီးယား ရုပ်သံစီးရီးစ်ကို SBS ရုပ်သံမှာ ထုတ်လွှင့်ပြသနေပါတယ်။ Suspense Drama အမျိုးအစားဖြစ်တဲ့ ဒီစီးရီးစ်ကိုတော့ ဒါရိုက်တာ Joo Dong-min က ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က စတင်ပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ ပြသခဲ့တာပါ။ အထပ် ၁၀၀ မြင့်တဲ့ ဟယ်ရာနန်းတော်လို့ တင်စားလောက်တဲ့ မိုးမျှော်ဇိမ်ခံအဆောက်အအုံမှာ ဇာတ်အိမ်တည်ထားခဲ့တဲ့ ဒီရုပ်သံစီးရီးစ်ထဲမှာ မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ငွေကြေး၊ အာဏာနဲ့ မိသားအစုအရေး အိမ်တွင်းရေး အရှုပ်တော်ပုံတွေကို ပုံစံတမျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ အပိုင်း ၂၀ ပါဝင်တဲ့ The Penthouse: War in Life ကို ရီးယားရုပ်သံစီးရီးစ်ထဲမှာ နာမည်ကျော် ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ Eugene ၊ Kim So-yeon ၊ Lee Ji Ah တို့က အပြိုင်ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်သံစီးရီးစ်ဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up