LDP ပါတီ

November 2, 2021

ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဏာရ LDP ပါတီ အနိုင်ရ

ဂျပန်ဝန်ကြီးချုပ်၊ ဖူမိအိုခိရှိဒါရဲ့ လက်ရှိအာဏာရ LDP ပါတီက အောက်လွှတ်တော် ရွေးကောက်ပွဲ မှာ နေရာအများစု အနိုင်ရသွားပါတယ်။

LDP ပါတီဟာ ရွေးကောက်ပွဲအတွင်း အမတ် နေရာ ၂၆၁ နေရာကို အနိုင်ရခဲ့ပေမဲ့ ရွေးကောက်ပွဲ မကျင်းပမီက အောက်လွှတ်တော်အတွင်း အမတ်နေရာ ၂၇၆ နေရာကို ရထားတာဖြစ်လို့ ပါတီဟာ အားနည်းသွားတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲမှာ LDP ပါတီဟာ အခုလို အနိုင်ရခဲ့တဲ့ရလဒ်ကို မအံ့ဩဘူးလို့ မြို့တော် တိုကျိုမြို့ခံတွေက ပြောပါတယ်။

ဒီမဲရလဒ်ဟာ အာဏာရတာတလပဲ ရှိသေးတဲ့ ဝန်ကြီးချုပ်အတွက် မူဝါဒ အောင်ပွဲလည်း ဖြစ်ပြီး လာမယ့်နှစ်မှာ ကျင်းပမယ့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်ခင် ရာထူးဆက်မြဲစေလိမ့်မယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

3 weeks Ago

September 1, 2020

ဂျပန်အာဏာရ LDP ပါတီ ခေါင်းဆောင်သစ်ကို အမြန်ရွေးကောက်ရန် ဆုံးဖြတ် 

ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်ပါတီ (LDP) ခေါင်းဆောင်ကို အမြန်ရွေးကောက်နိုင်ဖို့  စံချိန်စံညွှန်းထက်စာရင်  ရိုးရှင်းစွာ ရွေးကောက်တင်မြှောက်ဖို့ အထွေထွေကောင်စီက စက်တင်ဘာ ၁ ရက်မှာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ပါတီအစည်းဝေး တက်ရောက်သူတွေထဲမှာ LDP ပါတီ မူဝါဒရေးရာ အကြီးအကဲ  ဖူမီယို ကီရှီဒါနဲ့ အထွေထွေအတွင်းရေးမှူးချုပ် တိုရှီဟီယိုနီကာအီတို့လည်း  ပါဝင်ပါတယ်။  ပါတီခေါင်းဆောင်ကို စံနှုန်းကိုက်  ရွေးကောက်မယ်ဆိုရင်  ပြင်ဆင်ဖို့ အချိန် ၂ လ ကြာမြင့်ပြီး  ဘတ်ဂျက်နဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ မူဝါဒကို  ထိခိုက်စေမယ်လို့  LDP ပါတီအထွေထွေ ကောင်စီဥက္ကဋ္ဌက  သတင်းထောက်တွေကို ပြောပါတယ်။   ဂျပန်အောက်လွှတ်တော်မှာ LDP  ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက အများစု ရှိတာမို့  ပါတီခေါင်းဆောင်ဟာ ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာသလောက် ဖြစ်ပါတယ်။  LDP ပါတီ ခေါင်းဆောင်သစ်ဟာ ရှင်ဇိုအာဘေးနေရာ အစားထိုး ဝင်ရောက်မှာ ဖြစ်ပြီး အာဘေးဟာ  ကျန်းမာရေး အခြေအနေကြောင့် ရာထူးက နုတ်ထွက်တယ်လို့ သြဂုတ် ၂၈ ရက်က ကြေညာခဲ့ပါတယ်။
1 year Ago
Up