LCCI စာရင်းကိုင်သင်တန်းသူ အမျိုးသမီး ၁ ဦးကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးသတ်

October 24, 2019

LCCI စာရင်းကိုင်သင်တန်းသူ အမျိုးသမီး ၁ ဦးကို ရည်းစားဖြစ်သူက ဓားဖြင့်ထိုးသတ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဉ္ဓနမဟီရပ်ကွက် ၇၈လမ်းနဲ့ ၃၄ လမ်းထောင့် Sky Wall shopping mall ၃ လွှာအထပ်က LCCI စာရင်းကိုင်သင်တန်းမှာ အောက်တိုဘာ ၂၃ ရက် ည ၆ နာရီခွဲလောက်က သင်တန်းတက်နေတဲ့ သင်တန်းသူတဦးကို ရည်းစားဖြစ်သူက ဓားနဲ့ထိုးခဲ့တာကြောင့် သေ‌ဆုံးသွားပါတယ်။ သင်တန်းသူ မအေးမွန်သန့်ကိုသူရဲ့ ရည်းစားဖြစ်သူ မောင်လတ်အောင် (ခ) အောင်အောင်ကနေ အရိုးအသွား ၁၀ လက်မခန့်ရှိတဲ့ စတီးဓားနဲ့ထိုးလိုက် တာကြောင့် မအေးမွန်သန့်ရဲ့ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက် ဝဲရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက် ယာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁ ချက် ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်စဉ်မှာဘဲ သေ‌ဆုံးသွားခဲ့ပါတယ်။ “ကျုးလွန်သူကို ချက်ချင်းဖမ်းမိတယ်။ ကောင်မလေးကတော့သေသွားတယ်။ စခန်းမှာ အမှုဖွင့်ထားတယ်”လို့ အမှတ်(၈)မြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျုးလွန်သူ မောင်လတ်အောင်(ခ)အောင်အောင်ကို ချက်ချင်း ဖမ်းဆီးရမိခဲ့ပြီး အမှတ် ၈ မြိုမရဲစခန်းမှာ (ပ)၆၉၅/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
2 years Ago
Up