L ဆိုင်းဇီသီချင်းသစ်

July 14, 2020

အမိုက်စား၊ အလန်းစားရိုက်ချက်တွေနှင့် ထွက်ရှိလာသည့် L ဆိုင်းဇီသီချင်းသစ်-“ချူစားဘဲ”(ရုပ်သံ)

       “နင်မလိုရင်ချောင်ကိုထိုး… နင်လိုရင်မျက်နှာတမျိုး… တတ်လည်းတတ်နိုင်တယ် … ကိုယ်တော်ချောရယ်… နင့်နာမည် ချူစားဘဲ… နင်မလိုရင်ချောင်ကိုထိုး… နင်လိုရင် မျက်နှာတမျိုး… တတ်လည်းတတ်နိုင်တယ်… ကိုယ်တော်ချော ရယ်… နင့်နာမည် ချူ စားဘဲ… ချူစားဘဲ... ချူစားဘဲ”        ညှို့အားပြင်း အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော် L ဆိုင်းဇီ ရဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။        “ချူစားဘဲ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ဘိုခန့်က ရေးစပ် ပေးထားခဲ့တာဖြစ်ပြီး JOOX Myanmar ကနေတဆင့် တင်ဆက်လိုက်တာ ဖြစ်ပါတယ်။        “နင်ဘာလိုသေးလဲ… နင်ဘာလိုဦးမလဲ… ငါ့ဘက်ကတတ်နိုင်သမျှ အကုန်ပေး လိုက်ပြီပဲ… နင်ဘယ်လိုအချိုးနဲ့ နင်ဘယ်ကိုဒိုးမလဲ… ပက်သက်ဖူးသမျှ ဆော်တွေဆီ… ထွက်သွားလိုက်ပါကွယ်”        ကချင်တိုင်းရင်းသူ အဆိုတော် L ဆိုင်းဇီဟာ အတွဲသီချင်းတေးအယ်လ်ဘမ်တွေ ပေါင်းများစွာမှာ ပါဝင်သီဆိုခဲ့ရာမှတဆင့် ပရိသတ်လက်ခံအားပေးမှုတွေနဲ့အတူ အနုပ ညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။        သူဟာ ဝါရင့်နာမည်ကြီးအဆိုတော် L ခွန်းရီရဲ့ တူမတော်စပ်ပြီး အဆိုတော် L လွန်းဝါ၊ ရေဗက္ကဝင်းတို့နဲ့လည်း မောင်နှမဝမ်းကွဲတော်စပ်သူလည်း ဖြစ်ပါတယ်။        လှည်ကြည့်ပါဦးလား၊ မလွမ်းရဲသေးဘူးမောင်ရယ်၊ ဟိုတုန်းကလို၊ အရူးမလုပ်ပါနဲ့၊ နှုတ်ဆက်ထွက်ခွာသူ အပါအဝင် L ဆိုင်းဇီရဲ့ ထွက်ရှိခဲ့သမျှ သီချင်းတိုင်းလိုလိုဟာ ပရိ သတ်တွေနဲ့ တသားတည်းကျတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။        လတ်တလောအချိန်ထိ ဝေခွဲမရပါလား၊ အစွဲလန်းကြီးသူ၊ မိုးကောင်းကင်ခရီးစတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေအပါအဝင် တေးသီချင်းတွေ ရာနဲ့ချီ သီဆိုထွက်ရှိခဲ့ ပြီး ဖြစ်ပါတယ်။        “နင့်ဆော်တွေကလည်း အများကြီးပဲ… ရင်ထဲမှာခါးသီးတယ်… မင်းရွေ့တဲ့ အ ကွက်တွေအကုန်လုံး… ငါသိနေတော့နားငြီးတယ် ငါ့ကိုနင်ထားပြီးကဲ… တသက်လုံး အ တားအဆီးမဲ့… မင်းငါ့ကိုသတ်မှတ်ထားတာ… ခေါင်းမပါတဲ့ရထားကြီးတဲ့”        ခုအသစ်ထွက်ရှိလာတဲ့ ချူစားဘဲမြူးဇစ်ဗွီဒီယိုထဲမှာတော့ L ဆိုင်းဇီကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားခဲ့ပြီး သူနဲ့အတူ မော်ဒယ်လ် စိုးသူအောင်ကလည်း ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ “သေးသေးဖွဲဖွဲလေးပဲ… နင် ကြိုက်တဲ့အသည်းလေး… ငါကိုယ်တိုင် Share ပေး မယ်… ပွဲဈေးထဲကဝယ်လို့ရတဲ့ အရုပ် မဟုတ်ဘူး… ဘဲလေးရယ် နင်မလိုချင် ထားခဲ့ လိုက်ပါ… လက်တွဲဖြုတ်လို့ ကွဲပေးမယ်”
10 months Ago
Up