KNLA တပ်ဖွဲ့

November 17, 2021

သထုံခရိုင်တွင် ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး BGF ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ကေအန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းမှာ  စစ်ကောင်စီတပ်လက်အောက်ခံ  BGF တပ်နဲ့ KNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး  BGF တပ်ဖွဲ့ဝင်၂ ဦးသေဆုံးကာ  ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ (၁) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက်  ၉ နာရီက ဘားအံမြို့နယ်၊ ဟတ္တလိုက် ကျေးနယ်အုပ်စု၊ ဖလံတောင်ကျေးရွာနဲ့ နို့အောလာကျေးရွာအကြားက မဲသနချောင်းအနီးမှာ BGF-၁၀၁၄ တပ်ရင်း ဗိုလ်တင်ဝင်းဦး၊ ဗိုလ်ကြာအေး၊ ဗိုလ်လားသစ်ပူးပေါင်းတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

​​ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးက "နယ်မြေကျော်ဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲအတွင်းမှာ BGF ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်။ KNLA ဘက်က ထိခိုက်မှုမရှိဘူး။"လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ BGFတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို အတင်းအဓမ္မပေါ်တာဆွဲ ခိုင်းစေတာတွေအပြင် လူသားဒိုင်းအဖြစ် အသုံးချတာစတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့လည်း  ကေအန်ယူဘက်က ပြောပါတယ်။

အတင်းအဓမ္မပေါ်တာအဖြစ် ခေါ်ဆောင်ခံရသူတွေကတော့  ဘားအံမြို့နယ်၊ ရေအေးကျေးရွာက အမျိုးသား ၅ ဦး၊ ဖလံတောင်ကျေးရွာက ၈ ဦး (ပြန်မလွတ်သေး)၊ နိ့အောလာကျေးရွာက ၁၀ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

BGFပူးပေါင်း တပ်ဖွဲ့တွေဟာ လက်ရှိမှာ ဟတ္တလိုက်ကျေးနယ်အုပ်စုအတွင်းက ဖလံတောင်ကျေးရွာနဲ့ ရေအေးကျေးရွာတွေမှာ တပ်စွဲစခန်းချထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်ကလည်း  BGF-၁၀၁၄ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်မဟာ ၁ ၊ တပ်ရင်း ၁ တို့  ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်က နို့အောလာကျေးရွာကနေ ရေအေးကျေးရွာကိုသွားတဲ့ ဒေသခံရွာသား တဦးပိုင်တဲ့  PROBOX ယာဥ် ၁ စီးကို BGF တပ်ဖွဲ့ဝင်တွေက အဓမ္မယူဆောင်သွားခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၁ က သတင်းထုတ်ပြန်ထားပါတယ်။

1 year Ago

January 17, 2021

အရပ်သားကို ချောင်းမြောင်း ပစ်ခတ်ခြင်းမရှိခဲ့ဟု KNLA တပ်ဖွဲ့ ငြင်းဆို

KNLA တပ်ဖွဲ့က တပ်မတော်ကို ပစ်ခတ်ရာမှာ ကျည်လမ်းကြောင်းလွဲပြီးနောက် ကလေးငယ် ဦးခေါင်းအား ရှပ်ထိသွားတာ ဖြစ်တယ်လို့ ဖာပွန်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောအယ်ဒိုထူးက ဒီဗွီဘီကို ပြောပါတယ်။ ကရင်ပြည်နယ် မဲဝိုင်အနီးရှိ တပ်မတော်စခန်းရဲ့ တောင်ဘက် မဲဝိုင်ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မောင်မိုးအောင်ဟာ KNLA တပ်မဟာ ၅ က ပစ်ခတ်တဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် KNLA က အခုလို တုံ့ပြန်ခဲ့တာပါ။  [caption id="attachment_434854" align="alignleft" width="430"] ကျည်ရှပ်ထိမှန်သည့် ကလေးငယ်အား KNLA တပ်မဟာ ၅ တပ်ရင်း ၁၀၂ စစ်ဆေးရုံတွင် ကုသပေးနေစဉ်[/caption] အဲဒီ သေနတ်ထိမှန်ခဲ့တဲ့ ကလေးငယ်မိဘတွေနဲ့ အဆက်အသွယ်ရထားသလို ကလေးငယ်ကိုလည်း ဇန်နဝါရီလ ၁၆ ရက်နေ့က KNLA တပ်မဟာ ၅ တပ်ရင်း ၁၀၂ စစ်ဆေးရုံမှာ ကုသပေးနေပြီး စိုးရိမ်စရာမရှိဘူးလို့ ဖာပွန်ဆက်ဆံရေးရုံးတာဝန်ခံက ပြောပါတယ်။  ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တိုက်ပွဲဖြစ်တာမျိုး မရှိခဲ့ဘဲ အရပ်သားတွေကို ပစ်ခတ်ဖို့ အောက်ခြေကို ညွှန်ကြားထားတာမျိုးလည်း မရှိဘူးလို့ KNLA တပ်မဟာ ၅ ဗျူဟာမှူး ထူးကရှောက ဒီဗွီဘီကို ပြောပါတယ်။  တပ်မတော်ဘက်ကတော့ မဲဝိုင်အနီး သတ်မှတ်နယ်မြေ ကျော်လွန်ကာ ပုံမှန်အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မကြာခဏ နှောင့်ယှက်ပစ်ခတ်တာမျိုး ရှိပြီး ဒီဇင်ဘာကနေ အခုချိန်ထိ ၁၅ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။  KNLA ဘက်ကလည်း တပ်မတော်ဟာ အရပ်သားကလေးတွေကို အသုံးပြုပြီး တောနင်းသွားလာတာတွေ လုပ်ဆောင်နေကာ ကလေးတွေကို အကာအကွယ်လိုမျိုး အသုံးပြုနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
2 years Ago
Up