KLM

A d v e r t i s e m e n t With Us

April 25, 2020

ကိုရိုနာကြောင့် ထိခိုက်နစ်နာနေသည့် ဒတ်ချ်လေကြောင်းလိုင်း အကူငွေ ယူရို ၄ ဘီလီယံရမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကျပ်အတည်း ကြုံနေရတဲ့ တော်ဝင်ဒတ်ချ်လေကြောင်းလိုင်း KLM ဟာ အရေးပေါ်အကူအညီ ယူရိုငွေ ၄ ဘီလီယံအထိ ရရှိမယ်လို့ ဒတ်ချ်ဘဏ္ဍာရေးဝန်ကြီးက ဧပြီ ၂၄ ရက်မှာ  ပြောလိုက်ပါတယ်။    အရေးပေါ်အကူအညီ အသေးစိတ်ကို ဆွေးနွေးနေဆဲ ဖြစ်ပေမယ့် အသေးစိတ်ဆွေးနွေးချက်မှာ ဘဏ်ချေးငွေနဲ့ အစိုးရ အာမခံချက်တွေ  ပါဝင်လာဖွယ် ရှိတယ်လို့  ဘဏ္ဍာရေးဝန်ကြီး ဝိုကို ဟူစတာက  ပြောခဲ့ပါတယ်။   ပြင်သစ်လေကြောင်းလိုင်း Air France ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ KLM ကို ပြင်သစ်ဘက်က ချေးငွေ ယူရို ၃ ဘီလီယံ နောက်ထပ်ဘဏ်ချေးငွေ ၄ ဘီလီယံအတွက်  အာမခံ ချက် ၉၀ ရာခိုင်နှုန်း ထုတ်ပေးသွားမယ်လို့လည်း ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနိုလာမဲကို  ပြောကြားခဲ့ပါတယ်။   KLM လေကြောင်းလိုင်းဟာ ဒတ်ချ် စီးပွားရေးမှာ အက္ခရာ ဖြစ်တယ်လို့  ဘဏ္ဍာရေးဝန်ကြီး  ဟူစတာက ညွှန်းဆိုလိုက်ပြီး အစိုးရအနေနဲ့ အကျပ်အတည်းကနေ KLM ကို ကူညီကယ်ဆယ်ဖို့  အစွမ်းကုန် လုပ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  ဂျာမနီလေကြောင်းလိုင်း လုဖ်သန်ဆာ အပါအဝင် တခြားလေကြောင်းလိုင်းကြီးတွေကလည်း အစိုးရ အကူအညီရရှိရေး ညှိနှိုင်းနေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago
Up