King's College ဆေးရုံ

February 21, 2020

ဦးနှောက်အကျိတ်ခွဲစိတ်မှုခံယူနေစဉ် တယောထိုးသည့် လူနာ (ရုပ်သံ)

ဦးနှောက်အကျိတ်ခွဲစိတ်မှုခံယူနေစဉ် လူနာက တယောထိုးတဲ့ ပထမဆုံး ဖြစ်ရပ်တခု ဗြိတိန်နိုင်ငံ လန်ဒန်မြို့ King's College ဆေးရုံမှာ ဇန်နဝါရီလ ၃၁ ရက်က ဖြစ်ခဲ့ပါတယ်။  အသက် ၅၃ နှစ်အရွယ် ဒက်မာတန်နာဆိုသူ အမျိုးသမီးဟာ ဦးနှောက်အကျိတ်ခွဲစိတ်ခံနေချိန်အတွင်း  “မားလာအင်န်ဂါရွှင်း” တေးသွားကို တ‌ယောထိုးခဲ့ ပါတယ်။  အဲဒီအချိန်မှာ ခွဲစိတ်ဆရာဝန်တွေက သူရဲ့ဘယ်လက်လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ဦးနှောက် ရှေ့ညာခြမ်းက အကျိတ်ကို ခွဲစိတ်ပေးခဲ့ပါတယ်။  လူနာရဲ့ တယောထိုးစွမ်းရည် ထိခိုက်မှာကို ကာကွယ်တဲ့အနေနဲ့ ဦးခေါင်းခွံကိုဖွင့်ပြီး လူနာတယောထိုးနေချိန်မှာ ခွဲစိတ်ဖို့ အစီစဉ်ဆွဲခဲ့တယ်လို့ ပါမောက္ခ ကီယိုမား အက်ရှ်ခန်က ရှင်းပြခဲ့ပါတယ်။  ခွဲစိတ်နေချိန်မှာတော့ တန်နာဟာ ဂီတပညာရှင် ဂတ်စတပ်မားလာ၊ ဂျော်ချ်ဂါရွှင်းတို့ရဲ့ ဂန္ထဝင်ဂီတ "Summertime" တေးသွားကို တီးခတ်ခဲ့ပါတယ်။  ဒါဟာ ပထမဆုံးအကြိမ် တယောထိုးနေရင်း  ခွဲစိတ်မှု လုပ်တာဖြစ်တယ်လို့ ပါမောက္ခ အက်ရှ်ခန်က ပြောပါတယ်။  ခွဲစိတ်မှုဟာ အောင်မြင်ပြီး အန္တရာယ်ရှိ အစိတ်အပိုင်းအပါအဝင်  အကျိတ်ရဲ့ ၉၀ ရာခိုင်နှုန်း ကျော်ကို ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ အက်ရှ်ခန်က ပြောပါတယ်။  တန်နာကလည်း တယောထိုးတာဟာ ၁၀ နှစ်သမီးကတည်းက  သူ့ဝါသနာ ဖြစ်တယ်လို့ ပြောပြီး ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
1 year Ago
Up