KIA နှင့် PDF

August 5, 2021

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီ၏လှုပ်ရှားစစ်ကြောင်းကို KIA နှင့် PDF ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကံဆီးနယ်မြေဗျူဟာကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ လှုပ်ရှားစစ်ကြောင်းဟာ သြဂုတ် ၄ ရက်နေ့ညနေပိုင်းက KIA နဲ့ PDF တို့ရဲ့ ပူးပေါင်းတိုက်ခိုက်တာခံခဲ့ရတယ်လို့ သိရပါတယ်။

ကံဆီးကျေးရွာနဲ့ (၃) မိုင်လောက်ဝေးတဲ့ မင်းမှော်ကျေးရွာလမ်းမှာ ညနေ ၄ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ PDF တို့ပေါင်းပြီး လမ်းမှာ တိုက်ခိုက်ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

" ဗျူဟာကထွက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်တာ တော်တော်အထိနာသွားတဲ့ပုံပဲ တချို့ကောင်တွေက ထွက်ပြေးတာရှိတယ်။ ခုထိလည်း  တောနင်းလိုက်ရှာနေတယ်' လို့ သူက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းကို KIA နဲ့ PDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးလောက်သေဆုံးပြီး ၁၅ ဦးလောက် ထွက်ပြေးသွားလို့ လိုက်လံ ဖမ်းဆီး နေတယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာတော့ သြဂုတ်လဆန်းပိုင်းက စပြီး တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေတာပါ။

4 months Ago
Up