KDDF

May 2, 2021

တာဝန်ဆက်ထမ်းမည့် ဆရာ၊ဆရာမများကို ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သတိပေး

CDM မလုပ်ဘဲ ကျောင်းတက်ကြမယ့် ဆရာ၊ဆရာမတွေရဲ့ အသက်အန္တရာယ်ကို အာမမခံနိုင်ဘူးလို့ ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေလ ၂ ရက်မှာ သတိပေး လိုက်ပါတယ်။

မေ ၃ ရက်မှာ ကျောင်းပြန်တက်ရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာကို လိုက်နာပြီး အာဏာရှင်အလိုကျ ကျောင်းပြန်တက်ကာ တာဝန်ဆက်လက်ထမ်းဆောင်ကြမယ့် ဆရာ၊ ဆရာမ တွေကို KDDF က အပြင်းအထန်တားမြစ်ထားပါတယ်။ 

"ကျောက်ဆည်ခရိုင်အတွင်းက ဆရာ၊ဆရာမတွေဟာ စစ်အာဏာရှင်တွေ အလိုကျ ကျောင်းပြန်တက်မယ်ဆိုရင် မနက်ဖြန်မှာပဲ သူတို့အတွက် အသက်အန္တရာယ်အထိအခိုက်ရှိလာနိုင်တယ်။ မြို့မှာပဲ ဖြစ်ဖြစ် ရွာတွေမှာပဲ ဖြစ်ဖြစ် ကျနော်တို့ဘက်က သူတို့ကို လုပ်စရာရှိတာ လုပ်ရမှာပဲ'' လို့ KDDF တာဝန်ရှိသူက ဆိုပါတယ်။

အခုလို Non CDM လုပ်နေတဲ့ ဆရာ၊ ဆရာမတွေဟာ ပြည်သူ့ဝန်ထမ်းမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

2 weeks Ago
Up