Junction Square

November 24, 2015

ကမာရွတ်မြို့နယ်ရှိ Junction Square တွင် မီးလောင် (သတင်းဓာတ်ပုံ)

ရန်ကုန် ပြည်လမ်းပေါ်က Junction Square မှာ နိုဝင်ဘာ ၂၃ ရက် ညဦးပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး နာရီဝက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ ကမာရွတ်မြို့နယ်မှာရှိတဲ့ Junction Square ၃ လွှာမှာ ဖွင့်ထားတဲ့ ကြေးအိုးဆိုင်မျက်နှာကြက် မီးချောင်း ဝါယာကြိုးတွေ အပူလွန်ကဲပြီး မီးလောင်မှု စတင်ခဲ့တာလို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ည ၈ နာရီလောက်မှာ လောင်ကျွမ်းတဲ့မီးကို မီးသတ်ကား အစင်း ၃၀ ကျော်နဲ့ ငြှိမ်းသတ်ခဲ့ရာ နာရီဝက်ခန့်အကြာမှာ မီးညွန့်ကျိုးသွားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှု စာရင်းကိုတော့ မသိရသေးပါဘူး။ သတင်းဓာတ်ပုံ - အောင်သူ  
7 years Ago
Up