Judy

September 24, 2019

ဟောလိဝုဒ်ဂန္ထဝင်မင်းသမီး ဂျူဒီဂါလန်အကြောင်း အတ္ထုပ္ပတ္တိရုပ်ရှင်-Judy(နမူနာ)

အတ္ထုပ္ပတ္တိဒရာမာအမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Judy ရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ BBC Films ၊ Pathé နဲ့ Calamity Films ရုပ်ရှင်ထုတ်လုပ်ရေးတို့က တင်ဆက်လိုက်တဲ့ ဒီကားကိုတော့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Rupert Goold က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ တခေတ်တခါက ကျော်ကြားခဲ့တဲ့ အမေရိကန်အမျိုးသမီး သရုပ်ဆောင် အဆိုတော် Judy Garland ရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်အနေနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကလေးဘဝတည်းက အနုပညာနဲ့ မစိမ်းတဲ့ Judy ဟာ သူဖြတ်သန်းခဲ့တဲ့ ဘ၀ တလျှောက် သရုပ်ဆောင်ဘက်မှာရော၊ အဆိုပညာဘက်မှာပါ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၅၅ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ A Star Is Born ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ရွှေကမ္ဘာလုံးဆု ရရှိခဲ့ပြီး အဲဒီကားကို သိပ်မကြာသေးခင်ကမှ အဆိုတော် Lady Gaga နဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး အားပေးလက်ခံမှုတွေ ရရှိထားတာ ဖြစ်ပါတယ်။ အဆိုပိုင်းမှာလည်း Judy ဟာ တသက်တာဂရမ်မီဆုအပါအဝင် ထူးချွန်ဆုတွေ အများကြီး ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဘဝနေဝင်ချိန်ကတော့ အရက်၊ မူးယစ်ဆေးဝါးတွေကြောင့် အသက် ၄၇ နှစ်အရွယ် ၁၉၆၉ ခုနှစ် မှာ နှုတ်ဆက်ထွက်ခွာခဲ့ရတာ ဖြစ်ပြီး ဒီကားထဲမှာ သူ့ဘဝဇာတ်ကြောင်းကို ဘယ်လိုပုံဖော် ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် Judy နေရာမှာတော့ သရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Renée Zellweger က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Jessie Buckley ၊ Finn Wittrock ၊ Rufus Sewell နဲ့ Michael Gambon တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialogue တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 6.7 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကိုတော့ နာမည်ကြီးရုပ်ရှင်ပွဲ တော်တွေဖြစ်တဲ့ Telluride Film Festival ၊ Toronto International Film Festival တွေမှာ ကနဦးပြသခဲ့ပြီး ပြောင်မြောက်တဲ့ Renée Zellweger ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေ ရရှိထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေဟာလိဝုဒ္ဂႏၳဝင္မင္းသမီး ဂ်ဴဒီဂါလန္အေၾကာင္း အတၳဳပၸတၱိ႐ုပ္ရွင္-Judy(နမူနာ) အတၳဳပၸတၱိဒရာမာအမ်ိဳးအစား ႐ုပ္ရွင္ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ Judy ႐ုပ္ရွင္ကို လာမယ့္ စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ BBC Films ၊ Pathé နဲ႔ Calamity Films ႐ုပ္ရွင္ထုတ္လုပ္ေရးတို႔က တင္ဆက္လိုက္တဲ့ ဒီကားကိုေတာ့ ၿဗိတိန္႐ုပ္ရွင္ဒါ႐ိုက္တာ Rupert Goold က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားကေတာ့ တေခတ္တခါက ေက်ာ္ၾကားခဲ့တဲ့ အေမရိကန္အမ်ိဳးသမီး သ႐ုပ္ေဆာင္ အဆိုေတာ္ Judy Garland ရဲ႕ ဘဝဇာတ္ေၾကာင္းကို ႐ုပ္ရွင္အေနနဲ႔ ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ကေလးဘဝတည္းက အႏုပညာနဲ႔ မစိမ္းတဲ့ Judy ဟာ သူျဖတ္သန္းခဲ့တဲ့ ဘ၀ တေလွ်ာက္ သ႐ုပ္ေဆာင္ဘက္မွာေရာ၊ အဆိုပညာဘက္မွာပါ ေအာင္ျမင္ခဲ့သူ ျဖစ္ပါတယ္။ သူဟာ ၁၉၅၅ ခုႏွစ္မွာ ႐ိုက္ကူးခဲ့တဲ့ A Star Is Born ႐ုပ္ရွင္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ ေ႐ႊကမာၻလုံးဆု ရရွိခဲ့ၿပီး အဲဒီကားကို သိပ္မၾကာေသးခင္ကမွ အဆိုေတာ္ Lady Gaga နဲ႔ ျပန္လည္႐ိုက္ကူးခဲ့ၿပီး အားေပးလက္ခံမႈေတြ ရရွိထားတာ ျဖစ္ပါတယ္။ အဆိုပိုင္းမွာလည္း Judy ဟာ တသက္တာဂရမ္မီဆုအပါအဝင္ ထူးခြၽန္ဆုေတြ အမ်ားႀကီး ရရွိထားခဲ့သူ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ဘဝေနဝင္ခ်ိန္ကေတာ့ အရက္၊ မူးယစ္ေဆးဝါးေတြေၾကာင့္ အသက္ ၄၇ ႏွစ္အ႐ြယ္ ၁၉၆၉ ခုႏွစ္ မွာ ႏႈတ္ဆက္ထြက္ခြာခဲ့ရတာ ျဖစ္ၿပီး ဒီကားထဲမွာ သူ႔ဘဝဇာတ္ေၾကာင္းကို ဘယ္လိုပုံေဖာ္ ဖန္တီးထားမလဲ ဆိုတာကိုေတာ့ မၾကာခင္မွာပဲ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီကားထဲက အဓိကဇာတ္ေကာင္ Judy ေနရာမွာေတာ့ သ႐ုပ္ေဆာင္ အကယ္ဒမီ ထူးခြၽန္ဆုေတြ အမ်ားႀကီး ရရွိထားတဲ့ ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသမီး Renée Zellweger က ေခါင္းေဆာင္ပါဝင္ထားၿပီး တျခားသ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Jessie Buckley ၊ Finn Wittrock ၊ Rufus Sewell နဲ႔ Michael Gambon တို႔ကလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၁၁၈ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialogue ေတြက အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔ မွ ၾကည့္ရႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။ IMDb မွာ Rating 6.7 အထိ ရရွိထားတဲ့ ဒီ႐ုပ္ရွင္ကိုေတာ့ နာမည္ႀကီး႐ုပ္ရွင္ပြဲ ေတာ္ေတြျဖစ္တဲ့ Telluride Film Festival ၊ Toronto International Film Festival ေတြမွာ ကနဦးျပသခဲ့ၿပီး ေျပာင္ေျမာက္တဲ့ Renée Zellweger ရဲ႕ သ႐ုပ္ေဆာင္မႈေတြအေပၚ ခ်ီးက်ဴးမႈေတြ ရရွိထားပါတယ္။
2 years Ago
Up