မြန်မာ Pool ကစားသမား ကိုဘုန်းမြင့်ကျော် (ခ) အားတီဟာ အောက်တိုဘာ ၁၅ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကျင်းပတဲ့ Joy Master ပြိုင်ပွဲမှာ ၃၂ ဦးအဆင့်ကနေ ထွက်ခဲ့ရတယ်လို့ သိရပါတယ်။
ကိုဘုန်းမြင့်ကျော်ဟာ အောက်တိုဘာ ၁၉ ရက်မှာ ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ၃၂ ဦးအဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမဲ့ တရုတ်အမျိုးသမီးကစားသမားကို အရေးနိမ့်လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
သူဟာ ၃၂ ဦးအဆင့်မှာ အမျိုးသမီး ကစားသမားနဲ့ တွေ့ဆုံတာကြောင့် အကျောပေး ကစားခဲ့ရပြီး ၁၁-၁၅ ပွဲနဲ့ ရှုံးနိမ့်ခဲ့တာပါ။
ပြိုင်ပွဲဝင်ကစားသမား ၂၄၀ ပါဝင်ယှဉ်ပြိုင်တဲ့ Joy Master ပြိုင်ပွဲမှာ ကိုဘုန်းမြင့်ကျော်က ၉၆ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ တရုတ်နိုင်ငံရဲ့ဒုတိယအဆင့်မြင့်ဆုံး ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲဝင် ကစားသမားအရေအတွက် များတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။
Photo : Ko Ar Ti (ဘုန်းမြင့်ကျော်) Facebook
2 years Ago