Jennifer Lopez

October 28, 2020

အက်ရှင်ဇာတ်မြူးရုပ်ရှင် Shotgun Wedding တွင် ညှို့မင်းသမီး ဂျေလို သရုပ်ဆောင်မည်

ဟောလိဝုဒ် အက်ရှင်ဇာတ်မြူးရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးမယ့် Shotgun Wedding ရုပ်ရှင်ထဲမှာ နာမည်ကြီးညှို့မင်းသမီး ဂျေလိုက ပါဝင်သရုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဒီကားကိုတော့ ၂၀၁၂ ခုနှစ်ထွက် Pitch Perfect ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Jason Moore က ပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဂျေလိုနဲ့အတူ လတ်တလော Netflix မှာ ပြသနေတဲ့ ရုပ်ရှင် ကား-Rebecca ထဲက သရုပ်ဆောင်မင်းသား Armie Hammer တို့က Darcy နဲ့ Tom ဇာတ်ကောင်တွေအဖြစ် အတူတွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ပြီး အချစ်၊ အိမ်ထောင် ရေးနဲ့ အက်ရှင်ဇာတ်မြူးရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Shotgun Wedding ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကိုတော့ လာမယ့် ၂၀၂၁ နှစ် ဆန်းပိုင်းလောက်မှာ စတင်သွားမယ်လို့ Deadline သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
2 years Ago
Up