Iron Man 3

A d v e r t i s e m e n t With Us

May 28, 2020

ဟောင်ကောင်တွင် Avengers နှင့် Iron Man 3 ရုပ်ရှင်ကားများ ပြန်လည်ရုံတင်ပြသ

ကိုဗစ်-၁၉ ကာလအလွန် ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဟောင်ကောင်ရုပ်ရှင်ရုံတွေ မှာ နာမည်ကျော်စူပါဟီးရိုးရုပ်ရှင်ကားတွေဖြစ်တဲ့ Avengers နဲ့ Iron Man 3 ရုပ်ရှင်ကားတွေကို ဒီကနေ့စတင်ပြီး ပြန်လည်ရုံတင်ပြသနေပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတလွှား၊ ကျောင်းတွေ၊ ဈေးဝယ်စင်တာနဲ့ ရုပ်ရှင်ရုံတွေ၊ လူသူစည်ကားတဲ့ လည်ပတ်စရာနေရာတွေကို ပိတ်ထားခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေးကိုလည်း ထိခိုက်စေခဲ့ပြီး တချို့နိုင်ငံတွေက လော့ခ်ဒေါင်း ကာလအလွန် လုပ်ငန်းတွေ ပြန်လည်စတင်နိုင်ချိန်မှာ နည်းလမ်းအမျိုးမျိုးနဲ့ မြှင့်တင်မှု တွေလုပ်ဖို့ အစီအစဉ်တွေနဲ့အတူ ကြိုးစားနေကြတာပါ။ ဟောင်ကောင်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ တည်ငြိမ်လာတာ ကြောင့် အစိုးရက ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေ၊ အားကစားခန်းမတွေကို ပြန်လည်ဖွင့်လှစ် နိုင်ဖို့ ခွင့်ပြုပေးခဲ့တာပါ။ အချိန် ၃ လကြာလောက် ရပ်ဆိုင်းထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေဆီ လူတွေဦးလှည့်လာ ဖို့ မာဗယ်လ်ရုပ်ရှင်ကား ၂ ကားဖြစ်တဲ့ ဒီကားတွေနဲ့ ဆွဲဆောင်နိုင်ဖို့ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ Hollywood Reporter သတင်းတပုဒ်က ဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Avengers ရုပ်ရှင်ကတော့ Iron Man ၊ Captain America ၊ Hulk ၊ Thor ၊ Black Widow စတဲ့ နာမည်ကျော်ဇာတ်ကောင်တွေနေရာမှာ မင်းသားကြီး Robert Downey Jr. အပါအဝင် ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်မင်း သားမင်းသမီးတွေ အများကြီး ပါဝင်ခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင်ကားတကားဖြစ်ပြီး ရုံတင်ဝင်ငွေ စံချိန်ချိုးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတ ကားဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ထွက် Iron Man 3 ကလည်း အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ရုပ်ရှင် ကားတကားဖြစ်ပြီး မင်းသားကြီး Robert Downey Jr. ခေါင်းဆောင်ပါဝင်ထားတဲ့ စွန့် စားသိပ္ပံဆန်းကြယ်ဇာတ်ဝင်ခန်းတွေနဲ့မို့ ဒီကားကလည်း ရုံပြည့်ရုံလျှံအောင်မြင်ခဲ့တဲ့ ဇာတ်ကားတ ကား ဖြစ်ခဲ့ပါတယ်။ ခုတခါ ရုံတင်ကားဟောင်းတွေနဲ့ ဟောင်ကောင်မှာ တကျော့ပြန်ရုံတင်မှုမှာရော ဘယ်လိုအားပေးတုံ့ပြန်ကြမလဲဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီကားတွေကိုတော့ မေလ ၂၈ ရက်နေ့ကနေ ဇွန်လ ၁၀ ရက်နေ့အထိ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
9 months Ago
Up