iPhone 8 မှာ အသုံးပြုဖွယ်ရှိတဲ့ နောက်ဆုံးပေါ် နည်းပညာနှစ်ခုနဲ့ ပတ်သက်ပြီး Apple က အရေးကြီးတဲ့ မူပိုင်ခွင့် ၂ ခုကို မေလ ၁၆ ရက်နေ့က ပိုင်ဆိုင်သွားပါတယ်။

ပိုင်ဆိုင်သွားတဲ့ ပထမအရေးကြီး မူပိုင်ခွင့်တခုကတော့ အနားသတ် ဘောင်ပြောက်မျက်နှာပြင် (edge-to-edge display) ဖြစ်ပါတယ်။
နောက်ပိုင်းထုတ်တဲ့ စမတ်ဖုန်းတွေရဲ့ အနားသတ်ဘောင်တွေကို သေးသထက် သေးအောင် ဖုန်းထုတ်လုပ်သူတွေက အမျိုးမျိုး ကြိုးစားလာကြပြီး ဆမ်ဆောင်းရဲ့ Galaxy S8 နဲ့ S8+ မှာ ဖုန်းမျက်နှာပြင်က အပေါ်ဘောင် နည်းနည်းပဲကျန်တော့တာ တွေ့မြင်ရမှာပါ။
ဖုန်းရှေ့မျက်နှာပြင်မှာ အနားသတ်ဘောင်တွေ လုံးဝပျောက်သွားအောင်လို့ Apple က မျက်နှာပြင်ကို ကွေးပြီး ဘေးဘောင်တွေအထိ အောက်ကို ပတ်ထားတာကို တွေ့ရမှာပါ။
မူပိုင်ခွင့်ရသွားတဲ့ နောက်တခုကတော့ ထိတွေ့နှိပ်ရတဲ့ ခလုတ်လိုမျိုးတွေကို မျက်နှာပြင်အထဲမှာ မြှုပ်ထားတာ ဖြစ်ပါတယ်။
လက်ဗွေရာစနစ် (Fingerprint sensor) ကိုလည်း ဖုန်းရဲ့ဖန်သားပြင် ဘယ်နေရာကိုထိထိ ဖုန်းက အလိုလိုသိနိုင်မယ့် စနစ်ကိုလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။
4 years Ago